Cele News

သေရွာပြန် နိုင်လူ သို့မဟုတ် သေဘေးမှမသေဘဲလွတ်မြောက်လာသူ

သေရွာပြန် နိုင်လူ သို့မဟုတ် သေဘေးမှမသေဘဲလွတ်မြောက်လာသူ

သရုပ်ဆောင် နိုင်လူ ကတော့ လူကြမ်းသရုပ်ဆောင် အနေနဲ့ ပရိတ်သတ်တွေ သိခဲ့ကြပြီး

သရုပ်ဆောင် ပီပြင်လှတာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရရှိထားတဲ့

လူကြမ်း မင်းသားကြီးပဲ ဖြစ်ပါတယ်နော် သေရွာက ပြန်လာတဲ့ နိုင်လူ လို့ တင်စားရတဲ့ အကြောင်းအရင်းက စစ်ကိုင်း လေးမျက်နှာ ဘုရားပွဲမှာ

သီချင်း သွားဆိုတော့ စင်အောက်က ခလေးငယ် တစ်ယောက်က လက်အုပ်လေး ချီပြီးတော့ကျွန်တော်က ဦးနိုင်လူရဲ့ ပရိတ်သတ်ပါ

အဖေ အမေလဲ ဦးနိုင်လူကို အရမ်း အားပေးကြတယ် အိမ်ကို လိုက်ခဲ့ပေးပါလားတဲ့ ကျတော်လည်း အေးလို့

 သီချင်းဆိုရင်း တန်းလန်းကြီးနဲ့ ဆိုပြီး လိုက်ခဲ့မယ်လို့ ပြောလိုက်တယ် အချိန်က ည ၁၂နာရီကျော်ပြီ

သီချင်း ဆိုပြီးတော့၂နာရီရှိပြီ ဘာနဲ့ သွားမှာလည်း မေးတော့ ဆိုင်ကယ် အစုတ်ကလေးနဲ့နောက်ကနေ လိုက်ခဲ့တာပေါ့

သူ့ အိမ်ရောက်တော့ သူ့မိဘတွေနဲ့ စကားဘာညာပြောပြီး ပြန်ခဲ့တယ် သူ့အိမ်ကလဲ သိပ်မပြည့်စုံရှာပါဘူး

ပြန်လာတော့ အချိန်က အချိန်ကောင်း ဝိုးတဝါးမှောင်မိုက်နေပြီ စစ်ကိုင်း G T C တံတားနာမည် ကြီးတယ်ဆိုတာ နောက်မှသိရတာ

အဲ့ G T C တံတားရှေ့မှာ စလိုးဂုန်းရှိတယ် အဲ့စလိုးဂုန်းကို ကျော်လိုက်တာ ကံတ္တတရာ လမ်းကကွဲပြီး ထိုးထောက်နေတဲ့ သံခေါင်းတွေ

ခြေထောက်ထဲ ထုတ်ချင်း ပေါက်ဝင်သွားတယ်အာ့နဲ့ ညီလေး အကိုတော့ ထိသွားပြီ မရတော့ဘူး ဆေးရုံသွားမှ ဖြစ်တော့မယ်

ပြောတော့ ဟုတ် အကိုဆိုပြီး ခ ဏဆင်း ဆိုပြီးဆိုင်ကယ်နဲ့ ဝေါခနဲ ထွက်ပြေးသွားတာ အမှောင်ကြီး ဘယ်နေရာ ဘယ်ဒေ သ ဆိုတာလဲ မသိ

ဘယ်ရောက်လို့ ဘယ်ပေါက်နေတာလဲ မသိ ကောင်းကင်းမှာ ကြယ်လဲမရှိဘူး မှောင်မိုက်နေတာ သွားကလဲ မသွားနိုင် တရွတ်တိုက်ကြီး

ကတ္တရာ လမ်းပေါ် ဆွဲရင်း ကယ်ကြပါအုံး ကယ်ကြပါအုံး ပါးစပ်က အော်လိုက် လက်နဲ့ တရွတ်ဆွဲ ရှေ့သွားလိုက်

ခြေထောက်က သွေးတွေကလဲ တလိမ့်လိမ့် စီးကျနေတာ ဗွက်ကို အိုင်လို့ ခေါင်းကလဲ မူးဝေနေပြီ နောက် ၁၅မိနစ် လောက်ဆို သေတော့မှာ

သွေးလွန်နေဆဲ လူငယ် နှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာတယ် အနီးအနား ရောက်တော့ဓာတ်မီးနဲ့ ထိုးကြည့်တယ်

ဟာ့ ဦးနိုင်လူကြီး ပါလားဆိုပြီး ဆိုင်ကယ်ပေါ် အမြန် ဆွဲတင်ပြီး ဆေးရုံကို ပို့ပေးလို့ နို့မိုဆိုနောက် ၁၅မိနစ် လောက်ဆို သွေးလွန်ပြီး သေပြီပဲ

အဲ့လိုနဲ့ သေကံမရောက် အသက်မပျောက်ခဲ့တဲ့ ဦးနိုင်လူရဲ့ ပရိတ်သတ်ကို ချစ်မြတ်နိုးတဲ့ စိတ်ဟာ

အင်မတန် လေးစားဖို့ ကောင်းလွန်းပါတယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်

credit