Cele News

D Dayဆိုတာထက် ပြည်သူတွေအရေးကို လုပ်ဆောင်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠု့ကျော်

သရုပ်ဆောင် ဝေဠုကျော်ကတော့ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့

ကာလတွေမှာ ပြည်သူတွေ လိုအပ်တဲ့ အောက်ဆီဂျင်များ လူဒါန်းပေးခဲ့သလို

တတ်နိုင်တဲ့ ဘက်ကနေလည်း ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် လတ်တလော ကာလတွေမှာ အကြောင်း အမျိုးမျိုးကြောင့် စားဝတ်နေရေး အတွက် ခက်ခဲနေကြတဲ့ မိသားစုတွေကိုလည်း

လိုအပ်နေတာတွေကို ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခုမှာလည်း ဝေဠုကျော်က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် ဝမ်းမြောက်ဖွယ် လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ တောင်ဥက္ကလာမြို့နယ် အတွင်းရှိ ကျူးကျော် ရပ်ကွက်ထဲမှာ

နေထိုင်ကြတဲ့ မိသားစုတွေကို အသင်း အဖွဲ့သားတွေနဲ့ အတူ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျူးကျော် ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ပလုံကောက်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ အမှန်တကယ်လိုအပ်နေတဲ့ မိသားစု ၃၀ ကို ရွေးချယ်ပြီး တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည် ဆီ ၅၀ သား ကြက်ဥ၁၀လုံး

Mask ၅၀ အဝတ်ထုပ် တစ်ထုပ်စီ မျှဝေ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

အရင်ကလည်း ဝေဠုကျော်တို့က ဒီကျူးကျော် ရပ်ကွက်ထဲမှာ

ပြိုလဲတော့မယ့် အိမ်တွေကို ဖျက်ပြီး အိမ်သစ် ၁၀ လုံးလောက် ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ နေရာပဲ ဖြစ်ပါတယ်။

ယခုမှာလည်း လိုအပ်တဲ့ သူတွေအတွက် စားသောက်စရာများ

ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးတာကတော့ တကယ့်ကို ကြည်နူးဝမ်းမြောက် ရပါတယ်။

Credit