Cele News

အင်းစိန်ထောင်ထဲမှာ အတူတူနေတဲ့ အခန်းဖော်မှ ပြောပြလာခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်း

အင်းစိန်ထောင်ထဲမှာ အတူတူနေတဲ့ အခန်းဖော်မှ ပြောပြလာခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်း

ဒီနေ့ အထဲကို မအူဝဲရောက်နေတာ ၅ လပြည့်တဲ့နေ့လေး အ မနဲ့ ပက်သက်ပီး

စာလေးနဲနဲလေး ရေးချင်လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘ ဝမှာ

အ မလောက် အေးချမ်းတဲ့ မင်းသမီးမျိုး တကယ့်ကို မမြင်ခဲ့ဖူးဘူး

ရူပါ အထဲရောက်ပီး ၂ ပတ်လောက် နေတော့ အ မတို့ ရောက်လာခဲ့တယ်။

တစ်ခန်းထဲ တူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အ မစိတ်လေးတွေ အများကြီး သိခဲ့ရတယ်

ရူပါတို့ အားလုံး အိပ်နေချိန် မနက်လေးနာရီဆို အ မကနိုးပြီးလို့ ရှိသမျှ ပဌာန်း

မဟာသမယသုတ် ပရိတ်ကြီး ၁၁ သုတ် အကုန်ရှီခိုးပီးသွားပြီ

တစ်နေ့လုံး ပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူ မကောင်းမြင်ခြင်း ငြီးငြူခြင်း

တစိုးတစိမှမရှိ သူရောက်နေတဲ့ နေရာမှာ သူအဆင်မပြေလဲ

ဘယ်သူ့ကိုမှ ငြီးငြူနေတာ ငြိုငြင်နေတာမျိုး မရှိခဲ့ဘူး ဘယ်သူ့အကြောင်းကိုမှလဲ

သူ့နှုတ်ကနေ ထွက်လေ့မရှိ သူ မ သိတာဆိုလဲ အူဝဲ မသိဖူးဆိုတာလေးနဲ့

ဘယ်လိုတောင်ဖြူစင်မှန်း မသိသော ကလေးတယောက်လို သားသမီးနဲ့ ပက်သက်လာရင်တော့

ရင်ထဲမှာ ဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ် မှတ်မှတ် ရရ

သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲ ကြိတ်ငိုနေရရှာတဲ့

ချစ်သောအ မပါ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကို ဆို့နစ်နေတာပါပဲ

PROMOTED ဟိုးအရင်က တည်း က ကလေးတွေကို သိပ်ချစ် သိပ်ဂရုစိုက်တာလို့

ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့

အကြာကြီးခွဲနေ နေရတာ မမြင်ရ မတွေ့ရ မကြားရ နေနေရတာ

သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်။

ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ် သူ ခုချိန်ထိ ‌ကောင်းကောင်း သည်းခံနေနိုင်မယ်ဆိုတာ

သိပေမဲ့ သူဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲ ဆိုတာလဲ အရမ်းသိတယ်

ဘဝတကွေ့မှာ အ မနဲ့ အတူတူ ဆုံခဲ့ရဖူးတာ ကောင်းသော သင်ခန်းစာတွေ

အများကြီး ရခဲ့ပါတယ် လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ ဘဝကိုဖြစ်ဖြစ်

စာနာတတ်ပြီး မျက်ရည်တွေ ကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ

လူ့ဘဝမှာ တကယ့်ကို နေတတ်ခြင်းနဲ့ ပြည့်စုံလွန်းတဲ့ မင်းသမီး ကိုယ်တိုင်ခံစားဖူးတဲ့

သူတစ်ယောက်မို့လို့ အ မကို အမြန်ဆုံး ပြန်လာစေချင်တယ်။

သူ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲ ဆိုတဲ့ အ မက်ို အရင်လို

မိသားစု ပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ် အ မကိုအမြန်ဆုံးလွှတ်ပေးဖို့

တကယ့်ကို တောင်းဆိုချင်ပါတယ် ချစ်ရတဲ့ အ မအမြန်ဆုံး ပြန်လွတ်ပါစေ ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်နော်။

Credit