Cele News

နေမကောင်းဖြစ်နေတဲ့ သားလေးကို အဝေးကနေ ဖုန်းလေးနဲ့ နှစ်သိမ့်ပေးနေတဲ့ ဟားငါးကောင်လူရွှင်တော် ပြည်ကျော်

နေမကောင်းဖြစ်နေတဲ့ သားလေးကို အဝေးကနေ ဖုန်းလေးနဲ့ နှစ်သိမ့်ပေးနေတဲ့ ဟားငါးကောင်လူရွှင်တော် ပြည်ကျော်

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဟာသလူရွှင်တော်အဖွဲ့ ဖြစ်တဲ့

ဟားငါးကောင် ကတော့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတွေ တတ်ရင်း

အာဏာရှင်ကို တော်လှန်နေတာဘဲ ဖြစ်ပါတယ် ဟားငါးကောင် အဖွဲ့ဝင်ဖြစ်တဲ့

လူရွှင်တော်ပြည်ကျော်ကလည်း အမှန်တရားဘက်က

ရပ်တည်ပေးတဲ့သူ တစ်ယောက် ဖြစ်ပါတယ်အဝေးတနေရာ ရောက်နေလို့

မိသားစုဝင်တွေကို video call နဲ့သာ အလွမ်းဖြေနေရတာပါ

လူရွှင်တော် ပြည်ကျော်ရဲ့ သားငယ်လေးက နေမကောင်းလို့ ဆေးရုံတင်ထားရကြောင်း

လူမှုကွန်ရက်မှာ ပြောထားတာဘဲ ဖြစ်ပါတယ် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတဲ့

သားလေးကို video call ခေါ်ပြီး အားပေးစကား ပြောခဲ့တာလေးတွေကို

screenshot ရိုက်ပြီး ပြန်လည်ဝေ မျှပေးလာတာ ဖြစ်ပါတယ်။

သားလေး ရေမင်းကိုယ်ထဲမှာ စီးနေတဲ့ အဖေ့သွေးတွေ ဘယ်လောက်ရဲလဲ ပြလိုက်စမ်း

ဟုဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် သားဖြစ်သူ ဆေးရုံတက်နေရချိန်မှာ

အနားမှာ ရှိမပေးနိုင်တဲ့အတွက် ပြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်။

Credit