Local News

မုံရွာမြို့တွင် နိုင်ငံတကာပုံစံ အဆင့်မီသုသာန်အသစ် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ပတ်လမ်း‌ဘေး ကျွဲရဲကျေးရွာ အနီး မြေဧက၄ဒသမ၅ဧကအပေါ်၌

နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း

မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

အဆိုပါ နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လမှစတင်၍

မြေနေရာ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေခြင်းဖြစ်သည်။

သုသာန်အသစ် တည်ဆောက်မှုကတော့ လက်ရှိအချိန်ထိတော့ ၇၀ ရာခိုင်နှုန်းလောက်ဘဲ ပြီးစီးသေးတာပါ။

ရာနှုန်းပြည့် ပြီးစီးဖို့က ဘတ်ဂျတ်ရရှိတဲ့အပေါ် အပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

သုသာန်တွေက မြို့လည်ခေါင်မှာ ဖြစ်တော့ အဲဒီသုသာန်တွေကို ဖျက်ပြီးတော့

ခေတ်မီစနစ်နဲ့ သုဿာန် အသစ်တစ်ခု တည်ဆောက် ပေးတာပါ ဟု ၎င်းကပြောသည်။

အဆိုပါ သုသာန်အသစ် တည်ဆောက်မှုကို ကျပ်သန်း ၂၄၀ကုန်ကျရန် မျှော်မှန်းထားကာ လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ

ခွင့်ပြု ငွေ ၂၀၁၉ ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်သန်း ၁၈၀ ဖြင့် လုပ်ဆောင်နေပြီး

ကျန်ရှိသည်များ ကို စေတနာရှင်များ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

မုံရွာမြို့နယ် အတွင်းရှိ အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီး အစရှိသည့် ရပ်ကွက်များတွင် ရှိသည့် သုသာန်များကို

စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ကာ အဆိုပါရပ်ကွက်များနှင့် အနီးဆုံး‌နေရာတွင် သုသာန်အသစ်တစ်ခုကို ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

သုသာန်သစ်တွင် မီးသဂြိုလ်ခွင့်သီးသန့်သာ ခွင့်ပြု သွားမည်ဖြစ်ပြီး ဂူတည်ခြင်း မြေမြုပ်ခြင်းများကို ပြုလုပ်ခွင့် မပြုတော့ကြောင်း

မိမိ၏ ဘိုးဘွားတို့၏ အရိုးပြာအိုးအား အထိမ်းအမှတ် အနေဖြင့် ထားလို့ပါက

၁ပေပတ်လည် အကွက်များတွင် ထိုက်သင့်သည့် ငွေကြေးဖြင့် ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သုသာန်သစ်တည် ဆောက်ပြီးစီးပါက အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီးရပ် ကွက်များသာ မကတစ်မြို့နယ်လုံး အသုံးပြုနိုင်မည် ဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ပတ်လမ်း‌ဘေး ကျွဲရဲကျေးရွာ အနီး မြေဧက၄ဒသမ၅ဧကအပေါ်၌

နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း

မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

အဆိုပါ နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လမှစတင်၍

မြေနေရာ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေခြင်းဖြစ်သည်။

သုသာန်အသစ် တည်ဆောက်မှုကတော့ လက်ရှိအချိန်ထိတော့ ၇၀ ရာခိုင်နှုန်းလောက်ဘဲ ပြီးစီးသေးတာပါ။

ရာနှုန်းပြည့် ပြီးစီးဖို့က ဘတ်ဂျတ်ရရှိတဲ့အပေါ် အပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

သုသာန်တွေက မြို့လည်ခေါင်မှာ ဖြစ်တော့ အဲဒီသုသာန်တွေကို ဖျက်ပြီးတော့

ခေတ်မီစနစ်နဲ့ သုဿာန် အသစ်တစ်ခု တည်ဆောက် ပေးတာပါ ဟု ၎င်းကပြောသည်။

အဆိုပါ သုသာန်အသစ် တည်ဆောက်မှုကို ကျပ်သန်း ၂၄၀ကုန်ကျရန် မျှော်မှန်းထားကာ လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ

ခွင့်ပြု ငွေ ၂၀၁၉ ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်သန်း ၁၈၀ ဖြင့် လုပ်ဆောင်နေပြီး

ကျန်ရှိသည်များ ကို စေတနာရှင်များ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

မုံရွာမြို့နယ် အတွင်းရှိ အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီး အစရှိသည့် ရပ်ကွက်များတွင် ရှိသည့် သုသာန်များကို

စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ကာ အဆိုပါ ရပ်ကွက်များနှင့် အနီးဆုံး‌နေရာတွင် သုသာန်အသစ်တစ်ခုကို ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

သုသာန်သစ်တွင် မီးသဂြိုလ်ခွင့်သီးသန့်သာ ခွင့်ပြု သွားမည်ဖြစ်ပြီး ဂူတည်ခြင်း မြေမြုပ်ခြင်းများကို ပြုလုပ်ခွင့် မပြုတော့ကြောင်း

မိမိ၏ ဘိုးဘွားတို့၏ အရိုးပြာအိုးအား အထိမ်းအမှတ် အနေဖြင့် ထားလို့ပါက

၁ပေပတ်လည် အကွက်များတွင် ထိုက်သင့်သည့် ငွေကြေးဖြင့် ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သုသာန်သစ်တည် ဆောက်ပြီးစီးပါက အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီးရပ်

ကွက်များသာ မကတစ်မြို့နယ်လုံး အသုံးပြုနိုင်မည် ဖြစ်သည်။

Credit