Knowledge

အိပ်ပျော်နေချိန် ဖုန်းထဲက ရဲစခန်းနံပါတ်ကို မတော်တဆနှိပ်မိလို့ အဖမ်းခံလိုက်ရတဲ့ ဂျာမန်မူးယစ်ဆေးရောင်းဝယ်သူ

ဂျာမန် မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်း သူ့ရဲ့ဖုန်းကို မတော်တဆထိမိ ခဲ့ရာမှာ

ရဲတပ်ဖွဲ့နံပါတ်ကို ထိမိသွားခဲ့ပြီနောက် ဖမ်းဆီး ခံလိုက်ရတယ်။စနေနေ့ မနက်ပိုင်း တစ်နာရီခန့်က ရဲတပ်ဖွဲ့ ထိန်းချုပ်ခန်း အတွင်းမှာ

ဖုန်းခေါ်ဆိုသံမြည် လာခဲ့ပြီး နားထောင်ခဲ့ရာမှာ ဟောက်သံနဲ့ ညည်းတွာသံတွေကို ကြားနေခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရေးပေါ် ဖြေရှင်းမှုတော့ မပြုလုပ် နိုင်ခဲ့ဘဲ ဖုန်းတည်နေရာကို နောက်ယောင်ခံလိုက်ရာမှာ

ကိုလုံးမြို့နဲ့ မိုင်ပေါင်း ၃၀ ကွာဝေးတဲ့ Waldbrolမြို့က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဆိုတာကို သိခဲ့ရပြီး

အရာရှိတွေကို စေလွှတ်ခဲ့ ရပါတယ်။အဆိုပါ အမျိုးသားနဲ့ အတူ နေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် အဖော်ဖြစ်

သူက ရဲတွေကို တံခါးဖွင့် ပေးခဲ့ချိန်မှာတော့ ဆေးခြောက်နံ့တွေ ရရှိခဲ့ပါတယ်။

ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ မူးယစ်ဆေးရောင်းသူရဲ့ အိပ်ကပ်အတွင်း ရှာဖွေမှု တွေပြုလုပ်ခဲ့ရာမှာတော့ လန့်နိုးခဲ့ကာ

သူ့ရှေ့မှာ ရဲတွေရောက် နေတာကို မြင်တွေ့ခဲ့ရပြီး ဘာကြောင့် ရောက်လာလဲတောင် မသိဘူးဖြစ်ခဲ့တယ် လို့ဆိုပါတယ်။

သူ့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ပြန်လည် ကြည့်ရှုခြင်း မပြုခင်အထိ မူးယစ်ဆေး ရောင်းသူဟာ ရဲတွေကို သူ မခေါ်ဆိုခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ဆေးလိုက်ချိန် မှာတော့ အရေးပေါ် အကူအညီ တောင်းခံတဲ့နံပါတ်ကို အကြိမ်ကြိမ် ခေါ်ဆိုခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။

ထပ်မံ ရှာဖွေမှု တွေအရဆေးခြောက်တင်မကဘဲ အခြား မူးယစ်ဆေးဝါးတွေနဲ့ အသုံးပြု ပစ္စည်းတွေကိုပါ တွေ့ရှိခဲ့ပြီး

ဆေးပြား ကိုကင်း အမ်ဖတမင်းနဲ့ ငွေကြေးတွေ တွေ့ရှိခဲ့ပြီး တော်တော်လေး များပြားတယ်လို့ ပြောဆိုခွင့်ရ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

နည်းတဲ့ ပမာဏမဟုတ်ပါဘူး နှစ်ဦးစလုံးကို အမှုဖွင့် ထားတယ်လို့လည်း ကျွန်တော်တို့ ထင်ပါတယ် လို့ သူက ပြောကြားခဲ့ပါတယ်။

အခု အခါမှာတော့ သူတို့ကို ဖမ်းဆီးထားပြီး တရားစွဲဆိုသွားမှာ ဖြစ်ကာ ထောင်ဒဏ်ချ မှတ်ခံရ တော့မှာလည်းဖြစ်ပါတယ်။

credit