Cele News

D Days နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားလေးတစ်ခွန်းကို ပြောလာတဲ့ သရုပ်ဆောင် ဒေါင်း

D Days နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားလေးတစ်ခွန်းကို ပြောလာတဲ့ သရုပ်ဆောင် ဒေါင်း

သရုပ်ဆောင် မင်းသား ဒေါင်းကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် မှုတွေကြောင့်

ပရိသတ်တွေရဲ့အထူး နှစ်သက်အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။

သူကတော့ ဖေ ဖော်ဝါရီလ အစက တည်းက ပြည်သူတွေနဲ့ အတူ

အမှန်တရား ဘက်ကနေ ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။

သူရောက်ရှိနေတဲ့ နေရာကနေလည်း လူထုလှုပ်ရှားမှုတွေကို

တက်တက်ကြွကြွ ပါဝင် ပေးနေတာလည်း ဖြစ်ပါတယ် ဒေါင်းကတော့

ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ

အလှူငွေတွေ လှူဒါန်းပေး နေတာလည်း ဖြစ်ပါတယ် ၅၀၅ က ဖြင့်

အရေးယူခြင်း ခံထားရတဲ့ ဒေါင်းကတော့ လက်ရှိမှာလည်း တတ်နိုင်သလောက်

လှုပ်ရှားမှုတွေ လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ် ဒေါင်းကတော့ မကြာမကြာ

လူမှုကွန်ယက် စာမျက်နှာကနေ ပြီးတော့ ပြည်သူ ပရိသတ်တွေကို

ကျန်းမာရေးကို အထူး ဂရုစိုက်ကြဖို့တွေ ရေးပြီးသတိပေးနေတာ ဖြစ်ပါတယ်။

ခုလက်ရှိဖြစ်နေတဲ့ ကိုဗစ်ပိုး တွေကြောင့်လည်း ပြည်သူတွေ အသက်တွေ ဆုံးရှူံးထားရတာမို့

စိတ်ပူကြောင်း ရေးသားထားပါသေးတယ် ဒီမနက် သတင်းတွေထွက်လာခဲ့တဲ့

D Days နဲ့ ပက်သက်လို့လည်း ခုချိန်မှာ သတိကြီးကြီး ထားကြပြီး အောင်မြင်တဲ့

ပန်းတိုင်ကိုလည်း အတူလျှောက်လှမ်းကြဖို့ ရောင်နီလေး နီးလာပါတော့မယ် ဆိုပြီး

အားပေးထားပါသေးတယ် ဒီနေ့မှာတော့ ဒေါင်း ကတော့ ဘယ်သူကမှ

ကျွန်တော် တို့ စောင့်မျှော်နေတဲ့နေ့ရက်ရောက်လာတော့မည်

ကျွန်တော်တို့ ပြည်သူတွေ အားလုံးရဲ့ တွဲလက်ဟာ အရေးပါဆုံး အင်အားပါ

ပန်းတိုင်ကို အတူသွားကြမည် ဒေါင်း ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဒေါင်းကတော့ တတ်နိုင်တဲ့ ဘက်ကနေပြီး ပြည်သူတွေကို အားဖြစ်စေခဲ့လို့

မင်းသား ဒေါင်းကို အားပေးရကျိုးနပ်လိုက်တာ ဆိုပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေက ကျေနပ်စေခဲ့တာ ဖြစ်ပါတယ်။

Credit