Local News

အခုအချိန်မှာ ဈေးဘယ်လောက် ပေါပေါ အိမ် ခြံ မြေ တွေ ကားတွေ လုံးဝမဝယ်သင့်တဲ့ အကြောင်းအရင်းမှန်

အခုအချိန်မှာ ဈေးဘယ်လောက် ပေါပေါ အိမ် ခြံ မြေ တွေ ကားတွေ လုံးဝမဝယ်သင့်တဲ့ အကြောင်းအရင်းမှန်


ဒီအချိန်မှာ စျေးဘယ်လောက် ပေါပေါ ကားတွေ အိမ်ခြံမြေတွေ လုံးဝ မဝယ်သင့်တဲ့ အကြောင်းအရင်း

ချစ်လို့ပြောတယ်မှတ်ပါ
ဒီအချိန် စျေးဘယ်လောက်ပေါပေါ ကားမဝယ်နဲ့
အိမ်ခြံမြေ မဝယ်နဲ့

အဝတ်အစား မဝယ်နဲ့
ဖုန်း laptop စတာတွေ မလိုပဲ မဝယ်နဲ့
အိမ်သုံး ပစ္စည်းတွေ မလိုပဲ မဝယ်နဲ့

မုန့်တွေ တစ်ရက်တစ်ရက် သောင်းဂဏန်း လျှောက်ဝယ်မစားနဲ့
ဘယ်သူ့ကိုမှ ငွေမချေးနဲ့ အပေါင်မခံနဲ့

အကောင်းဆုံးက ထမင်းနဲ့ဟင်းချက်စရာက လွဲရင် ကျန်တာ ဘာမှ မဝယ်နဲ့

ဘာလို့လဲဆိုတော့ အခုဆို stay home ကာလထပ်တိုးလိုက်တဲ့အတွက် ကျတော်တို့မှာ ဝင်ငွေမရှိဘူး
အဲ့အတွက် ထွက်ငွေကို တတ်နိုင်သမျှ နဲအောင်ကြိုးစားရမယ်

လုပ်ငန်းတွေ ပြန်စရမယ့်အချိန် လက်ထဲမှာ ပိုက်ဆံရှိနေမှရမယ်
ကိုယ်ပိုင်ငွေ ပမာဏကို နဲနဲမှ အပွန်းမခံပါနဲ့

လူသားခြင်းစာနာစိတ် အရလှူတာကလွဲရင် ပိုက်ဆံမသုံးတာ အကောင်းဆုံးပါ

တကယ်လို့ လက်ရှိ လုပ်နေတဲ့အလုပ်က ပြန်စလို့ရတဲ့အထဲမှာမပါဘူးဆိုရင် ကျတော်တို့ အလုပ်အသစ်လုပ်မှ ရမှာပါ

အဲ့ဒီအခါ ငွေကပိုပြီး လိုပါလိမ့်မယ်
အစိုးရထံကနေ ချေးငွေမရနိုင်သလို

ဘယ်သူ့ဆီကမှလဲ ငွေချေးလို့ရဖို့ မရှိနိုင်ပါဘူး ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမှာ ဖြစ်ပါတယ်

နောက်တစ်ခုက ဒီအချိန် သင်စျေးပေါလှပြီထင်နေတဲ့အရာဟာ နောင်တချိန်မှာ ဒီထက်စျေးပေါလာနိုင်သေးတဲ့အတွက်ပါ။

Credit