Cele News

သူတစ်ပါးအပေါ်မတရားတာ မလုပ်တတ်ကြောင်း နဲ့ သူအသက်ရှင်နေရတဲ့ ရည်ရွယ်ချက်ကို ပြောပြလာတဲ့ လူရွှင်တော်ကြာစိ

သူတစ်ပါးအပေါ်မတရားတာ မလုပ်တတ်ကြောင်း နဲ့ သူအသက်ရှင်နေရတဲ့

ရည်ရွယ်ချက်ကို ပြောပြလာတဲ့ လူရွှင်တော်ကြာစိ

ပရိတ်သတ်တွေရဲ့တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေရန်အတွက်

ဟာသဉာဏ်နဲ့ရယ်စရာပျက်လုံးတွေကို အမြဲ တီထွင်ဖန်တီးပေးပြီး ပရိတ်သတ်တွေရဲ့

ရင်ကို အမောပြေစေခဲ့တဲ့ သူကတော့ လူရွှင်တော်ကြာစိပဲ ဖြစ်ပါတယ်နော်

ကြာစိဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ ပရိတ်သတ် ချစ်ခင်အားပေးမှုကို

အပြည့်အဝရရှိထားတဲ့ လူရွှင်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

လူရွှင်တော်ကြာစိဟာဆိုရင် ဟာသပျက်လုံးတွေနဲ့ အငြိမ့်ဇာတ်ခုံပေါ်မှာ တင်ဆက်ပေးရုံတင်

မ ကပဲ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း များစွာကိုလည်း ရိုက်ကူးထားကာ

အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ယနေ့ထိတိုင် လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်

ကြာစိဟာဆိုရင်ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်

ပရိတ်သတ် ချစ်ခင်အားပေးမှုကိုအပြည့် အ ဝ ရရှိထားတဲဲ့ ကြာစိက သူ့ရဲ့အနုပညာ

လှုပ်ရှားမှုတွေကို အမြဲမျှဝေပေးလေ့ ရှိတဲ့အပြင် ရင်တွင်းခံစားနေရတဲ့ ခံစားချက်တွေကိုလည်း

ပရိတ်သတ်ကို အမြဲရင်ဖွင့်လေ့ ရှိပါတယ်နော် ဒီကနေ့မှာ ဆိုရင်လည်း ကြာစိက

သူ့ရဲ့ဘ ဝမှာ ဘယ်သူ့အပေါ်မှ မတရားတာ မလုပ်တတ်တဲ့အပြင် မကောင်းကြံတဲ့

စိတ်ပါမရှိကြောင်းနဲ့ သူအသက်ရှင်နေရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချင်ကို

ရင်ဖွင့် ပြောပြလာခဲ့တာပဲဖြစ်ပါတယ် အဲ့ဒါကတော့ ဘယ်သူအပေါ်မှ မတရားတာ မလုပ်ဘူး

မကောင်းကြံစိတ် မထားခဲ့ဘူး ကိုယ်သာ ကြိတ်ခံနေခဲ့တယ် အမှန်တရားကို

အတွင်းလူတွေ သိကြပါတယ် ကျွန်တော်အသက်ရှင်တာ သမီးကြောင့်ပါ

ဒါကြောင့် သမီးအသက်ရှည်အောင် ကျွန်တော်ကြိုးစားရမယ် ကိုယ်စိတ်ထင်ရာ ဘယ်တော့မှ

မလုပ်တတ်ဘူး လူကြီးတွေနဲ့ အမြဲစဉ်းစားတိုင်ပင်ပါတယ် ဆိုပြီး

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်

ပရိတ်သတ်ကြီးကလည်း ကြာစိအတွက်အားပေးစကားလေး ပြောခဲ့ပါအုံးနော်။

Credit