Cele News

ရုတ်တရက် အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာ အတွက် လိုအပ်တာများ ကိုယ်တိုင် အစအဆုံး လုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်

ရုတ်တရက် အောက်ဆီဂျင်တွေ ထိုးကျသရုပ်ဆောင် ဦးချစ်စရာအတွက်

လိုအပ်တာများ ကိုယ်တိုင် အစအဆုံး လုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို

လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်

အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့

လိုအပ်တဲ့ နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ

ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ

လှူဒါန်းကာကူညီပေးလျက်ရှိပါတယ်  ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့

လူနာတွေရဲ့ ကိ စ္စ အ ဝဝ အပြင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း

သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေးနေတာကြောင့်

ပရိသတ်တွေက လေးစား အားကျနေရတာပါ အခုလည်း ကိုဗစ်ရောဂါ ခံစားနေရပြီး

အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ သရုပ်ဆောင် ဦးချစ်စရာကို အောက်ဆီဂျင် 50 L

လေအပြည့်အိုးတစ်လုံးကို ကိုယ်တိုင်သွားရောက်ကာ ကူညီပို့ဆောင်ပေးခဲ့ပါတယ်

ဒါ့အပြင် ဦးချစ်စရာ အမြန်ဆုံး သက်သာပျောက်ကင်း စေဖို့ကိုလည်း

ဆုတောင်းထားပေးရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်

credit