Knowledge

ဖောက်သည် အမျိုးသမီး ကို ယုံယုံကြည် ကြည်နဲ့ ဆိုင်ကယ်ငှား ရမ်းပေး မိခဲ့တဲ့ delivery သမားရဲ့ ရင်နင့်ဖွယ်အဖြစ်

ဖောက်သည် အမျိုးသမီး ကို ယုံယုံကြည် ကြည်နဲ့ ဆိုင်ကယ်ငှား ရမ်းပေး မိခဲ့တဲ့ delivery သမားရဲ့ ရင်နင့်ဖွယ်အဖြစ်


ဒီအဖြစ် အပျက်က တော့ ဗီယက်နမ်နိုင်ငံ မှာဖြစ်ပျက် ခဲ့တာ ဖြစ်ပြီး Le XinhDanအမည်ရှိတဲ့ delivery အမျိုးသား ဟာ ပစ္စည်းပို့ရင်းနဲ့
လှည့်စား ခံလိုက်ရတာ ဖြစ်ပါတယ်။

အကြောင်း ကတော့ မှာယူနေကျ ဖောက်သည် အမျိုးသမီးထံ ပစ္စည်းသွား ပို့ရင်း အဆိုပါ အမျိုးသမီးက အရေးကြီး

သွားစရာ လေးကြုံလာ လို့ ဆိုင်ကယ် ခဏငါးရမ်းပေးဖို့ Dan ကို တောင်ဆိုခဲ့ပါတယ်။

Dan ကလည်း ယုံယုံ ကြည်ကြည် နဲ့ သူ့ရဲ့ ဆိုင်ကယ်လေး ကို ငှားရမ်း ပေးခဲ့ ရာ အချိန်အတော် နောက်ကျ သည်အထိ အဆိုပါအမျိုးသမီး က ပြန်မရောက် လာခဲ့ တော့ပါဘူး

ထို့ကြောင့် လှည့်စား ခံလိုက် ရမှန်းသိလိုက် တဲ့ Dan က လမ်းဘေး မှာ ထိုင်ပြီးငိုကျွေး နေခဲ့ တာပါ ဒါကို လမ်းသွား လမ်းလာ တွေက

မြင်ပြီး အကြောင်း စုံမေးမြန်း ခဲ့ကာ Dan ရဲ့အဖြစ်ကို social media ပေါ်မှာ ဝေမျှပေးခဲ့ကြပါတယ်။

ချက်ချင်း ပဲ အဆိုပါ သတင်း ဟာ ပျံ့နှံ့သွားခဲ့ပြီး Tong အမည်ရှိတဲ့ အမျိုးသား တစ်ဦး က Dan အတွက် ချက်ချင်း ပဲ ဆိုင်ကယ် တစ်စီး
လက်ဆောင်ပေးခဲ့ပါတယ်။

ဆိုင်ကယ် ကလည်း Honda SH အမျိုးအစား ဖြစ်လို့ ငွေတန်းဖိုး များပြီး Dan ရဲ့ အရင် ဆိုင်ကယ် တွေထက် ဈေးကြီးနေခဲ့တာပါ။

Tong အမည်ရှိ တဲ့အမျိုးသား ဟာ အရင်ချိန်က တည်းက မိသားစု နောက်ခံအခြေ အနေမကောင်းလို့ အခက်အခဲ ကြုံတွေ့ နေရ သူတွေ

ဆိုင်ကယ် ဒါဇင်လိုက် လက်ဆောင် ပေးခဲ့ ဖူးတဲ့ စေတနာရှင် အမျိုးသား တစ်ဦး ဖြစ်နေခဲ့ပါတယ်။

Dan ကတော့ သူ့ရဲ့ဘဝမှာ တစ်ခါမှ အခုလို တန်ဖိုးကြီး လက်ဆောင် မရရှိ ခဲ့ဖူး ကြောင်း အစပိုင်းမှာတော့ စနောက် နေတာလို့

ထင်ခဲ့ကြောင်း နှင့် အရမ်းကို ဝမ်းသာ ကျေနပ် ပြီး ကျေးဇူးတင် ကြောင်း ပြန်လည်
ပြောဆိုသွား ခဲ့ပါတယ်။

credit