Cele News

ကွယ်လွန်သွားခဲ့တဲ့ ချစ်ခင်ပွန်းကို ရည်စူး ရည်ရွယ်ကာ သိန်းဆယ်နဲ့ချီပြီး လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ အဆိုတော် ရွှေရည်သိန်းတန်

ကွယ်လွန်သွားခဲ့တဲ့ ချစ်ခင်ပွန်းကို ရည်စူး ရည်ရွယ်ကာ သိန်းဆယ်နဲ့ချီပြီး လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ အဆိုတော် ရွှေရည်သိန်းတန်

မြန်မာသံစဉ် အဆိုတော် ရွှေရည်သိန်းတန်ကတော့ မကြာသေးခင်ကမှ

ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးကုသိုလ်တွေ

ပြုလုပ်နေသူ ဖြစ်ပါတယ် သ တိရ လွမ်းဆွတ်နေတဲ့ ခင်ပွန်းဖြစ်သူ ကောင်းရာသုဂတိ

လားစေဖို့ကို နေ့စဉ်နဲ့အမျှ ဘုရားရှိခိုးတိုင်း မပျက်မကွက် မေတ္တာပို့

ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ် မကြာ ခ ဏ ဆိုသလို အလှူကြီးပေး လှူဒါန်းတတ်တဲ့

ရွှေရည်သိန်းတန်ကတော့ ဒီကနေ့မှာလည်း ခင်ပွန်းအတွက် ရည်စူးကာ

အလှူငွေတွေ သိန်း ၃၀ လှူဒါန်းခဲ့ ပြန်ပါတယ် ကွယ်လွန်သူ ခင်ပွန်း ဖြစ်တဲ့

ဘုရားဒကာကြီးကို ရည်စူးပြီး ကံမြင့်ကျောင်း ဓမ္မာရုံတော်ကြီး မျက်နှာကျက် အမိုးအတွက်

အလှူငွေတွေ ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ရည်စူးကုသိုလ်လေးတွေနဲ့

ကောင်းမှုတွေပြုပေးရင်း ကွယ်လွန်သူလည်းထပ်တူကုသိုလ်ရပြီး မြင့်မြတ်တဲ့ ဘုံဘ ဝမှာ

သာသနာ ပြုနိုင်ဖို့အတွက် ဆုတောင်းစကား လေးတွေနဲ့ မေတ္တာပို့ထားပါသေးတယ်

သူ မရဲ့အလှူလေးတွေကို ဝေမျှရင်း ခင်ပွန်းဖြစ်သူကို အရမ်းလွမ်းနေတဲ့

အကြောင်းလေးတွေလည်း ပြောပြထားတဲ့ ရွှေရည်သိန်းတန်အတွက်

ပရိသတ်တွေကလည်း နှစ်သိမ့် အားပေးထားသလို အလှူလေးအတွက်လည်း

မုဒိတာပွား သာဓု ခေါ်ထားကြတာလည်း တွေ့ရပါ တယ်

credit