Knowledge

ကမ္ဘာ့အလှဆုံး စာရင်းဝင်ပြီး နာမည်ကြီးနေတဲ့ ကြက်ကလေး

Sebrightလို့ခေါ်တဲ့ ကြက်မျိုးနွယ် တွေဟာ အဖြူရောင် အမွှေးအတောင် အရောင်စုံလင်တဲ့

အရည် အသွေး တွေကြောင့် နာမည်ကြီးတဲ့ ကြက်မျိူးစိတ်လဲ ဖြစ်ပါတယ်။

ဒီကြက်လေးတွေကို ဖန်တီးထားတဲ့ ပညာရှင်ကတော့ Sir John Saunders Sebrightပဲဖြစ်ပါတယ်။

ဒီကြက်ဟာ အရွယ်သေး သေးလေးကနေ ဖွံ့ဖြိုးမလာပဲ သေးသေးလေးနဲ့ပဲ ချစ်စရာ ကောင်းနေပါတယ်။

ပြီးတော့ ဗြိတိသျှနိုင်ငံရဲ့ ရှေးကျတဲ့ ကြက်မျိူးနွယ်နဲ့တောင် ဆင်တူနေပါသေးတယ်။

သူတို့ဟာ အရွယ်အစား သေးငယ်တာကြောင့် စားလို့တော့ အဆင်မပြေပေမယ့် တခြား ကြက်တွေလိုမျိုး ဥတွေကိုတော့ ချပေးနိုင်ပါတယ်။

သေးသေး ကွေးကွေးလေးနဲ့ အသည်းယားစရာလေးတွေကို ချစ်တတ်တဲ့သူတွေအတွက်တော့ အရမ်းကို အကြိုက် တွေ့စေမှာပါ။

တိရိစ္ဆာန်တွေ မွေးမြူရာမှာ အရမ်းကျွမ်းကျင်တဲ့ Sir Saunders Sebrightကအလွန်ထူးခြားပြီး ကြည့်ကောင်းတဲ့ ပိုလန်ကြက်မျိုးနဲ့

ဆင်တူဖြစ်တဲ့ အမွှေးအတောင် တွေပါပြီး အလွန်သေးငယ်တဲ့ ကြက်မျိူးစိတ်ကို ဖန်တီးဖို့ အကြံရခဲ့ပါတယ်။

သူ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှင်းရှင်း လင်းလင်း မသိသေးပေမယ့် ပညာရှင်မိတ်ဆွေတွေက သူ့ကိုအကြံတွေ ပေးခဲ့ပါတယ်။

ဘယ် လိုပေးခဲ့လဲ ဆိုတော့ နန်ကျင်းကြက်သမင် ကြက်မတစ်ကောင် ရွှေဟမ်းဘာဂ့်လိုမျိုး

ကြက်မတစ်ကောင်နှင့် Pit Game ကြက်တစ်ကောင်တို့ကို ရောမွေးဖို့ အကြံပေးခဲ့တာပါ

ယူကေ မှာတော့ Sebrightမျိုးစိတ် နှစ်ခုကိုသာ တရားဝင် အသိအမှတ် ပြုပါတယ် ရွှေရောင် ငွေရောင်နဲ့ နှစ်ခုလုံးကို အမဲရောင် အနားကွပ်ထားတဲ့ အမျိုးတွေကိုပါပဲ။

အခု ဖန်တီးထားတဲ့ ကြက်ကတော့ မျက်စိထဲမှာ အရှင်းဆုံး အလင်းဆုံးမြင်နိုင်တဲ့ ငွေရောင်ကြက်ပါပဲ ဒါတွေဟာ သက်ရှိတစ်ကောင်အပေါ် ပန်းချီရေးဆွဲ ထားသလိုပါပဲ။

Sebrightsဟာ ယူကေမှာ နာမည် အကြီးဆုံး အလှဆုံး အိမ်မွေးအလှကြည့် ကြက်ဖြစ်ပေ

မယ့်လည်း တခြားကြက်တွေနဲ့ နှိုင်းယှဉ်ရင် မွေးမြူဖို့အတွက် အလွန် ခက်ခဲပါတယ်။

ပညာရှင်တွေကတော့ မျိူးစိတ်ကို မြင့်သထက်မြင့်အောင် လုပ်ဖို့အတွက် သိပ္ပံနည်းကျလေ့လာနေကြပါပြီ။

Credit