Cele News

တစ်မိနစ်ပြည့်အောင် လက်မြှောက်လို့မရတဲ့ ဝေဒနာကို နှစ်နဲ့ချီပြီး ခံစားနေရတဲ့ လူနာအား လေးရက်နဲ့ ပျောက်ကင်းအောင် ကုသပေနိုင်ခဲ့ပုံကိုပြောပြလာတဲ့ ထူးခန့်ကျေ

တစ်မိနစ်ပြည့်အောင် လက်မြှောက်လို့မရတဲ့ ဝေဒနာကို နှစ်နဲ့ချီပြီး ခံစားနေရတဲ့

လူနာအား လေးရက်နဲ့ ပျောက်ကင်းအောင် ကုသပေနိုင်ခဲ့ပုံကိုပြောပြလာတဲ့ ထူးခန့်ကျော်

ထူးခန့်ကျော်ကတော့ အက်ရှင် ဇာတ်ရုပ်တွေကို ပိုင်နိုင်သလို ပီပြင် ပြောင်မြောက်လွန်းတဲ့

သရုပ်ဆောင် စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရ သမျိုးစုံ ပေးစွမ်းနိုင်သူပဲ ဖြစ်ပါတယ်

ဒါ့အပြင်  သူတတ်ကျွမ်းတဲ့ ဆေးပညာရပ်လေးနဲ့ တစ်ဖက်တစ်လမ်းကနေ

လေဖြတ် လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ ကုသပေးနေသူလည်း

တစ်ယောက်လည်း ဖြစ်ပါတယ် အခုလည်း တစ်မိနစ်ပြည့်အောင် လက်မြှောက်လို့မရတဲ့

ဝေဒနာကို နှစ်နဲ့ချီပြီး ခံစားနေရတဲ့ လူနာအား လေးရက်နဲ့ ပျောက်ကင်းအောင်

ကုသပေးနိုင်ခဲ့လို့ ကြည်နူး ပီတိဖြစ်နေတဲ့ အကြောင်းကို ရေးသားဝေမျှလာပါတယ်

ဝေဒနာ ခံစားနေရသူလည်း မိမွေးထားတဲ့ အတိုင်း ပြန်လည်ကောင်းမွန်လာလို့

အတော်လေး ဝမ်းသာနေတယ်လို့လည်း သိရပါတယ်  ဒီလို ပျောက်ကင်းသွားရတဲ့

အကြောင်းကိုလည်း  ဒီညီလေးနာမည်က ကျော်ဇင်လတ်  လှိုင်သာယာမှာနေတယ်

သူ့ဘယ်ဘက်လက် တဖက်က1minuteပြည့်အောင်မြှောက်လို့မရဘူး

ပြန်ပြန်ပြုတ်ကြလာတယ်  သူဖြစ်နေတာတော့ နှစ်ချီနေပါပြီ

ဒါပေမဲ့သူနဲ့ ကျွန်တော် အကြောင်းပါလာတော့  ညီလေးကျော်ဇင်လတ်

ကျွန်တော်ထံ လာရောက်ကုသရင်း  ၄ခေါက်မြောက်လောက်မှာပဲ

သူရဲ့ဘယ်ဘက်လက်ဟာ  မိမွေးထားတဲ့အတိုင်း ပြန်ဖြစ်သွားတယ်  အရင်အတိုင်း

အကြာကြီးမြှောက်လို့ရလို့ သူဝမ်းသာနေတာလေး ဖြစ်တာကို ကြည့်ပြီး

ကျွန်တော်လဲ ညီလေးကျော်ဇင်လတ်အတွက် အလွန်တရာကိုပဲ

ပီတိဝမ်းသာဖြစ်ခဲ့ရလေသည်  အခုလို ၇ ရက်သားသမီးများရဲ့

ထုံ ကျင် ကိုက်ခဲ လေဖြတ် လေငန်းကျီးပေါင်း  ဂေါက်ရောဂါနှင့်

အခြားခြားသောရောဂါများတို့အား  အခမဲ့ ပါရမီဖြည့် ကုသခွင့်ရခဲ့လို့လည်း ရတနာသုံးပါး၏

ခြေအစုံသို့ ဦးခိုက်ကန်တော့ရင်း  အမျိုးများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေ

ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

credit