Knowledge

ဒေါ်လာ ၂၀၀၀တန်သည့် ပြောင်းဖူးပန်ချီကား

ဒေါ်လာ ၂၀၀၀တန်သည့် ပြောင်းဖူးပန်ချီကား

ပန်းချီတစ်​ကား ဖန်​တီးရသည်​မှာ ရုပ်​ရှင်​တစ်​ကား ၀တ္ထုတစ်​ပုဒ်​

ဖန်​တီးရသည်​နှင့်​ ဆင်​ဆင်​တူ ​လေသည်​။

ဒါရိုက်​တာ တစ်​ယောက်​အဖို့ ရုပ်​ရှင်​တစ်​ကားကိုဖန်​တီး​တော့မည် ​ဆိုလျင် ​

ဇာတ်​လိုက်​ဇာတ်​ပို့ ဇာတ်​ရံ လူကြမ်းစသည်​တို့ကို သူ့​နေရာနှင့်​သူ အံဝင်​ခွင်​ကျ ဖြစ်​အောင် ​

နေရာချရ၏ ဒါရိုက်​တာ၏ ညွှန်​ကြားမှုကိုသရုပ်​ဆောင်​တို့က အပိုအလိုမရှိ သရုပ်​ဆောင်​

နိုင်​ပါက ဇာတ်​ကား​ကောင်း တစ်​ကားအဖြစ်​ပရိသတ်​ရင်​၀ယ် ​စွဲထင်​ကျန်​စမြဲ ဖြစ်​လေသည်​

ပန်းချီဆရာသည်​လည်း ထိုနည်းအတူတူ ပင်​ဖြစ်​၏ မိမိအဓိကဖော်​ညွန်းလိုသည့် ​အရာကို​ပေါ်လွင်​စေရန်​ ပံ့ပိုး​ပေးကြမည့်​ ဇာတ်​ပို့ ဇာတ်​ရံ

လူကြမ်းတို့ကို ပန်းချီကားမစတင်​မီ ကပင်​စိတ်​ကူးထဲ၌ အစီအစဉ်​တကျ ကြိုတင်​စီမံရ​၏။

စိတ်​ကူးနှင့် ​လက်​တွေ့ တစ်​ထပ်​တည်းကျလျင်​နှစ်​လိုဖွယ် ​ပန်းချီကားတစ်​ချပ်​ကို ရ​လေသည်​

ကျွန်​တော်​သည် ​ယခုပန်းချီကားတွင် ​အဓိကဇာတ်​လိုက်​အဖြစ် ​ပလို့​ပြောင်းကို သရုပ်​ဖော်​ထားပါသည်​။

ပလို့​ပြောင်းသည်​ အဖြူ အ၀ါ အနီ အညို ခရမ်း မရမ်းစသည်​ဖြင့်​ အ​ရောင်​စုံပြီး

အနုအရင့်​ကလည်း ဆန့်​ကျင်​ဘက်​တို့ဖြင့် ​ဖွဲ့စည်းထားသည်​။

ထို့​ကြောင့်​ ပြောင်းဖူးသုံးဖူးထဲတွင် ​သူသည်​အ​ပေါ်လွင်​ဆုံး ဖြစ်​၏

ကျန်​သည့် ​အ၀ါနှစ်​ဖူးကို ဇာတ်​ပို့​နေရာတွင်​ထားကာ တစ်​ဖူးကို အရိပ်​ထဲပို့၍​

နောက်​တစ်​ဖူးကို တစ်​၀က်​သာ​ ဖော်​ထားလိုက်​သည်​။

ဇာတ်​ပို့ကို သူနှင့်​တနသ​လောက်​သာ ပြလိုခြင်းဖြစ်​ပါသည်​။

တဖန်​မပါမဖြစ်​ အ​ရေးကြီးဆုံး ဇာတ်​ကောင်​တစ်​ဦးကို စီစဉ်​ရပြန်​၏ သူကား လူကြမ်းဖြစ်​သည်​။

ထိုကားတွင် ​သစ်​ပင်​ ပင်​စည်​ကြီးကို​ နောက်​ခံထား၍ လူကြမ်းအဖြစ်​ပန်းချီကား ကြွတက်​လာ​အောင် ​ဆွ ပေးထားပါသည်​။

လူကြမ်းကို ပုံ​ဖော်​ရာတွင်​လည်း မကြမ်းပဲရှိပြန်​လျင်​ဇာတ်​လိုက်​က ​ပေါ်လွင်​သင့်​သ​လောက်

မ​ပေါ်နိုင်​သလို မီးကုန်​ယမ်းကုန်​ ကြမ်းလိုက် ပြန်​လျင်​လည်း ဇာတ်​နာ၍ ခံစားသူတို့အဖို့

နှစ်​သက်​စွဲလန်းဖွယ်​ ရသတစ်​ခုကို မ​ပေးစွမ်းနိုင်​ပေ။

လူကြမ်းသည်​ ဇာတ်​လိုက်​ကို ပံ့ပိုး​ပေးရန်​သာဖြစ်​ပြီး ပြိုင်​ဖို့မလို​ပေ ဤသို့ဖြင့်​

ကျွန်​တော်​သည်​ ပန်းချီတစ်​ကားတွင်​ ပါဝင်​သော အရာဝတ္ထုတို့ကို အချိုးကျ

ဟန်​ချက်​ညီ​အောင်​ အ​တွေ့အကြုံ ​လေ့လာဆည်းပူးထားခဲ့​သော ပညာတို့ဖြင့်​ ပေါင်းစပ်​ဖန်​တီး လိုက်​ပါသည်​။

ကျွန်​တော်​၏ စိတ်​အာရုဏ်​တွင်​ ထိုပန်းချီကားကြီးကို မစတင်​မီ ကတည်းကအကြိမ်​ကြိမ် ​ရေးဖွဲ့ခဲ့ပြီး ဖြစ်​ပါသည်​။

ယခုကား ပြီးဆုံးခြင်းသို့​ ရောက်​လေပြီအနုပညာ သမားတစ်​ယောက်​၏ ဖန်​တီးမှုတာဝန်​ပြီးဆုံးပြီ ဖြစ်​ရကား ပရိသတ်​တို့၏

ခံစားမှု တာဝန်​သာ ကျန်​ပါ​တော့သည် ​ခင်​ဗျာ
ကပ်​ရောဂါ​ဘေးမှ ကင်း​ဝေးကြပါ​စေ။

Credit