Knowledge

တဲအိမ်လေးထဲမှာ နှစ်ယောက်လုံး လေဖြတ်နေကြတဲ့ အသက်၈၀ကျော် အဘိုးနဲ့အဖွားရဲ့ ရင်နင့်စရာအဖြစ်

တဲအိမ်လေးထဲမှာ နှစ်ယောက်လုံး လေဖြတ်နေကြတဲ့ အသက်၈၀ကျော် အဘိုးနဲ့အဖွားရဲ့ ရင်နင့်စရာအဖြစ်

တောကြိုအုံကြားမှာ နှစ်ယောက်လုံး လေဖြတ်နေကြတဲ့ အသက်၈၀ကျော် အဘိုးနဲ့ အဖွားပါ။

သားသမီးလည်း မရှိသလို လမ်းမလျှောက်နိုင်လို့ ဖင်တရွတ်ဆွဲ သွားနေရတဲ့ အဖွားက လေဖြတ်ပြီး လမ်းမလျှောက်နိုင်

စကားလည်း မပြောနိုင်တော့တဲ့ အဘိုးကိုထမင်းဟင်း ချက်ကျွေးပြုစု ပေးနေရှာပါတယ်။

တောရွာ အစွန်အဖျားမှာ မိုးမလုံလေမလုံ ကြမ်းပေါက်များစွာနဲ့ ဒုက္ခဆင်းရဲ ကြုံနေရတဲ့ ဖွားဖွားတို့ ဇနီးမောင်နှံကိုတွေ့ပြီး ကျွန်တော့်ရင်ထဲနင့်သွားရတယ်။

အသက် ရှစ်ဆယ်ကျော်ဘိုးဘိုးနဲ့ ဖွားဖွားသားသမီးက လုံးဝမရှိ အလုပ်ကလည်း မလုပ်နိုင်တော့ ပတ်ဝန်းကျင်က ပေးကမ်းတာလေးနဲ့အသက်ဆက် နေရတယ်။

ရောဂါဖိစီးလို့ ဝေဒနာခံစား နေရပေမယ့်ငွေကြေးဆိုတာ ဗလာနတ်ထိမို့ ဖြစ်လာတဲ့ရောဂါကို ကြိတ်ခံနေရတာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

အိမ်ခြေ ကြို့တို့ကြဲတဲ တောရွာလေးမှာ ပတ်ဝန်းကျင်က ပေးကမ်းသူတွေ ခက်ခဲရင် ဘိုးဘိုးနဲ့ ဖွားဖွားလည်း ထမင်းနပ်မမှန်တာအခါခါပါတဲ့။

ခနော်ခနဲ့ မီးဖိုလေးကို ဝေ့ဝဲကြည့်ရင်း လျှံကျလာတဲ့ မျက်ရည်စအချို့ကို ကျွန်တော်အာသမ်းချင်ယောင်ဆောင်ပြီး ဖုံးကွယ်လိုက်မိတယ်။

ဘိုးဘိုးနဲ့ ဖွားဖွားကို လစဥ်ထောက်ပံ့ပေးနိုင်အောင် ကြိုးစားပေးချင်တယ် အိမ်လေးလည်းပြင်ဆောက် ပေးချင်တယ်။

ဖွားဖွားက ဖင်တရွတ်ဆွဲသွားပြီး ထမင်းချက်တဲ့မီးဖိုလေးကို သွားတိုင်း ခဏခဏပြုတ်ပြုတ်ကျတတ်တယ်တဲ့။

အဖြစ်ဆိုးလိုက်တာ အချစ်ကြီးလိုက်တာဖွားဖွားရယ် ဘိုးဘိုးကို အဲ့လောက်တောင် ချစ်သတဲ့လား။

ဖွားဖွားအချစ်ကို လေးစားမိတဲ့အတွက် ဘိုးဘိုးနဲ့ဖွားဖွားကို ကျန်းမာလာအောင် အတတ်နိုင်ဆုံးကျွန်တော် ကြိုးစားပေးပါ့မယ်လို့

ကတိပြု လိုက်ရပါတယ် ဖွားဖွားရယ် လို့ အဘိုးနဲ့အဖွားအကြောင်းကို တေးရေးမင်းကိုက
လူမူကွန်ယက်မှာ ရေးသားပြောပြ ထားပါတယ်။

Credit