Cele News

သူမပုံကိုသုံးပြီး သက်သက်မဲ့ အသရေဖျက်နေတာကြောင့် မိဘနှစ်ပါးကိုပါ ထိခိုက်နေတာမို့ LIVE လွှင့်ကာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နွေးနွေးချစ်ဖွယ်

သူမပုံကိုသုံးပြီး သက်သက်မဲ့ အသရေဖျက်နေတာကြောင့် မိဘနှစ်ပါးကိုပါ ထိခိုက်နေတာမို့ LIVE လွှင့်ကာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နွေးနွေးချစ်ဖွယ်

အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ မိ ဘ နှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့

သမီးအလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်

သူ မ ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတဲ့အတွက်

စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် မိဘကျေးဇူးကို

သိတတ်နားလည်ပြီး ဘာသာရေးလုပ်နေတာတောင် မဟုတ်မမှန်တဲ့ သတင်းတွေနဲ့

ဝေဖန်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ် မကြာသေးခင် မိနစ်ပိုင်းလောက်က

နွေးနွေးချစ်ဖွယ်ရဲ့ လူမှုကွန်ယက်တွင် Live လွှင့်ပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ်

မိန်းကလေးတစ်ဦးမှ သူ မ ရဲ့ပုံတွေအသုံးပြုပြီး မကောင်းတဲ့အရာတွေ လုပ်နေတာ ဖြစ်ပါတယ်

ဒါ့အပြင် သူ မ ကို တိုက်ခိုက်ရုံတင်မကဘဲ မိဘနှစ်ပါးရဲ့ သိက္ခာကိုပါ ထိခိုက်လာတဲ့အတွက်

live လွှင့်ဖြေရှင်းလာတာ ဖြစ်ပါတယ် ထိုမိန်းကလေးမှ နွေးနွေးချစ်ဖွယ်နာမည်နဲ့

အကောင့်တုလုပ်ပြီး သူမပုံစံဟန်ဆောင်ပြီး အသရေ လိုက်ဖျက်နေတာကို

သက်သေအချက်အလက်တွေနဲ့ အတူ ဖြေရှင်းလာတာ ဖြစ်ပါတယ်

မကောင်းသတင်းတွေနဲ့ လိုက်တိုက်ခိုက်ခံနေရတာကြောင့် အသားတွေတောင်

တစက်စက်တုန်နေပြီး ဝမ်းနည်းကြောင်း ရင်ဖွင့်ပြောပြရင်း မျက်ရည်များပါ

ကျလာခဲ့တာ ဖြစ်ပါတယ် သူ မ ကို စော်ကားတာ ပြသနာမရှိပေမယ့်

မိဘတွေရဲ့အကျင့်သိက္ခာတွေပါ ရစရာမရှိအောင် အပြောခံလိုက်ရတာ ဖြစ်တဲ့အတွက်

ခံပြင်း ဒေါသထွက်နေတာဖြစ်ပြီး ဒီပြသနာနဲ့ ပတ်သက်လို့

နောက်ထပ်လည်း ဖြေရှင်းသွားမှာ မဟုတ်ကြောင်း ပြောကြားသွားပါသေးတယ်

ပရိသတ်တွေကလည်း ဂီတလောကမှာ နာမည်ပျက်တစ်ခါမှ မရှိဘဲ

အေးဆေးစွာနေတတ်တဲ့ နွေးနွေးချစ်ဖွယ်ရဲ့ စိတ်နေစိတ်ထားကို သိနေကြတဲ့အတွက်

အခုလို တိုက်ခိုက်ခံနေရတာကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်

credit