Cele News

စစ်ကောင်စီက ဖမ်းဝရမ်းရုပ်သိမ်းလိုက်ပေမဲ့ အိမ်ကိုပြန်မလာသေးဘဲရောက်တဲ့အရပ်မှာ ပျော်အောင်နေတယ် ဆိုတဲ့ မအေးသောင်း

စစ်ကောင်စီက ဖမ်းဝရမ်းရုပ်သိမ်းလိုက်ပေမဲ့ အိမ်ကိုပြန်မလာသေးဘဲရောက်တဲ့အရပ်မှာ ပျော်အောင်နေတယ် ဆိုတဲ့ မအေးသောင်း

ပရိတ်သတ်ကြီးရေ အေးဝတ်ရည်သောင်းလို့ဆိုရင် ယောကျာ်းလေး ပရိသတ်တွေ မိန်းခလေးပရိသတ်တွေပါ ချစ်ခင်အားပေး မင်းသမီးလေးပါ။

အနုပညာ လောကနဲ့ အချိန်ကြာအောင် အဆက်ပြတ် နေခဲ့ပေမဲ့ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ ဆိုရှယ်မီဒီယာမှာ အတော်လေးရေးပန်းစားခဲ့ပါတယ်

ဒီလို ပရိသတ် ချစ်ခင်မှုတွေကြောင့် ရုပ်ရှင်နဲ့ကြော်ငြာတွေ ပြန်လည်ရိုက်ကူးခဲ့တဲ့ သူလေးပါ

တော်လှန်ရေးမှာလဲ ပြည်သူတွေဘက်က ပါဝင်ခဲ့တာကြောင့် တခြားအနုပညာရှင် တွေနည်းတူ ၅၀၅ က နဲ့တရားစွဲဆို ခံထားခဲ့ရတာပါ

ဒါကြောင့် လွတ်ကင်းရာကို တိမ်းရှောင်ခဲ့ပါတယ် စကစမှ ၅၀၅ ဖြုတ်သိမ်းတဲ့ စာရင်းမှ မအေးသောင်း ပါဝင်ခဲ့ပေမဲ့

အိမ်ကို ပြန်လည်နေထိုင် ခြင်းမရှိဘဲ ရောက်တဲ့အရပ်မှာပဲ လုံခြုံစိတ်ချစွာ နေထိုင်နေဆဲပဲ ဖြစ်ပါတယ်။

ဒီအကြောင်းလေးကို မအေးသောင်းက သူမရဲ့ပရိသတ်တွေအတွက် စိတ်မပူစေဖို့ အခုလိုလေးအသိပေး ထားပါတယ်။

စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ အမြဲဆုတောင်းပေးတယ် ရောက်ရာအရပ်မှာ ပျော်အောင် နေတတ်တဲ့ အကျင့်လေးလည်း

ကျင့်ထားတယ် ဆိုပြီးပုံလေးတွေနဲ့ ဖော်ပြထားပါတယ် ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူ ပြည်သားအားလုံး

ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။