Cele News

အသရေဖျက်မူ့နဲ့ တရားစွဲဖို့အထိ ပေါက်ကွဲနေတဲ့ မော်ဒယ် သရုပ်ဆောင် သင့်ဇာဝင့်ကျော်

အသရေဖျက်မူ့နဲ့ တရားစွဲဖို့အထိ ပေါက်ကွဲနေတဲ့ မော်ဒယ် သရုပ်ဆောင် သင့်ဇာဝင့်ကျော်

ပေါ်ပင်စုံ ပရိတ်သတ်ကြီးရေ ပရိသတ်ကြီးအရမ်းကိုအားကျပြီး ချစ်ခင်အားပေးရတဲ့ မမသင်ဇာကတော့ ယခုချိန်မှာ ဒေါသအကြီးကြီး ထွက်နေပါတယ်

ဘာကြောင့်လဲဆိုတာကို သိဖို့စာလေးကိုအဆုံးထိ ဖတ်ကြည့်ပါနော်

မမသင်ဇာက တော်လှန်ရေးမှာ ပြည်သူတွေဘက်ကရပ်တည် ခဲ့တာကြောင့် တရားစွဲဆို ခံခဲ့ရပါတယ် ဒါကြောင့်လဲ ဘေးလွတ်ရာမှာရှောင်တိမ်းနေရတာ ခုချိန်ထိပါဘဲ

ရှောင်တိမ်းနေစဉ် မှာလည်း သူ့ရဲ့မိသားစုအိမ်လေးကို သတိရတဲ့ အကြောင်းလေးတွေ ရေးသားတတ်ပါတယ်။

အခုလဲ သင်ဇာက လူတွေဟာ ဘာလုပ်လုပ်အမြဲတမ်းဝေဖန် အပြစ်တင်ပြောဆိုနေတာကြောင့် တစ်ခါတလေ ဟိုးအဝေးဆုံးကို ထွက်သွားချင်မိတယ်လို့

သူ့ရဲ့ ခံစားချက်စာလေး ရေးသားပြီးတင်ထားတာကို အောက်က ကောမန့်မှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ လာရေးတာကြောင့် အတော်လေး ဒေါသထွက်နေတာပါ။

ဒါကြောင့်လဲ အဲ့ဒီလူတွေကို ဓာတ်ပုံနှင့်တကွ သူတို့ရဲ့ ဖေ့ဘုတ်အကောင့်တွေကို မှတ်သားထားပြီးအသရေဖျက်မှုနဲ့ တရားစွဲဆိုမယ်လို့ ခုလိုပဲ သတိပေးလိုက်ပါတယ်။

ကိုယ်ရေးတဲ့ စာတွေအတွက် ကိုယ်တာဝန်ယူကြပါလို့ပဲပြောချင်တယ် ကျမ ကတော့ ရှင်တို့ကို ဥပဒေဘောင်အတွင်းကပဲ စကားပြောတော့မယ်

ရှင်တို့ မှန်တယ်ထင်ရင် ရင်ဆိုင်ဖို့ပြင်ထားကြပါ ကျမကို မဟုတ်မမှန်တွေ လာရေးပီး စော်ကားတဲ့အတွက် ၆၆ ဃ နဲ့အရေးယူမယ်

အရေးယူမခံ ချင်ရင်တော့ ရှင်တို့ရေးတဲ့စာအတွက်လာတောင်းပန်ပါ ဆိုပြီး ရေးသားသူတွေသိအောင် သတိပေးစကား ဆိုထားပါတယ်နော်

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူ ပြည်သားအားလုံး

ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit