Cele News

မင်းမော်ကွန်း တစ်ယောက် အသက်ဘေးနဲ့ကြုံခဲ့ရပုံနဲ့ အမှတ်တရညလေးအကြောင်းကို ပြောပြလာတဲ့ ကောင်းစံသာ ရေကြည်

မင်းမော်ကွန်း တစ်ယောက် အသက်ဘေးနဲ့ကြုံခဲ့ရပုံနဲ့ အမှတ်တရညလေးအကြောင်းကို ပြောပြလာတဲ့ ကောင်းစံသာ ရေကြည်

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာပါ အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့သူပါ။

အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကို လူတိုင်းလေးစား အားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့် ရပ်တည်ရဲသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမှုဖွင့် ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေခဲ့ရပါတယ် အခုအခါမှာတော့ မိသားစုလိုက် လွတ်မြောက် နယ်မြေကို ရောက်နေကြတာဖြစ်ပြီး

ပရိသတ်တွေ အားလုံးကလည်း ဝမ်းသာခဲ့ကြသလို ပင်ပန်းဆင်းရဲခံပြီး တောထဲအထိ လိုက်ပါကာ ပါရမီဖြည့်ပေးခဲ့တဲ့ မင်းမော်ကွန်းရဲ့ ဇနီးကိုလည်း လေးစားနေကြတာပါ။

မင်းမော်ကွန်းက ရှောင်တိမ်းနေစဥ်မှာလဲ သူရဲ့လူမှုကွန်ယက်ထက်မှာ အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ရေးကာဖော်ပြလေ့ ရှိတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း ဘေးလွတ်ရာကို ရှောင်တိမ်းစဥ်အခါက မင်းမော်ကွန်း ဘဝပျက်လောက်အောင် ဘာတွေပေးဆပ်ခဲ့ရတယ် ဆိုတဲ့အကြောင်းကို ကောင်းစံသာ က

ပရိသတ် အားလုံးသိအောင်အခုလို ပြောပြထားပါတယ် အမှတ်တရည အဲဒီတုန်းက ကျွန်တော် နေ့တွေညတွေ မှားပြီး အချိန်မတော်မှအိပ် အချိန်မတော်မှထ အချိန်မတော်မှစား တစ်ခါတစ်ခါ

အစာဖြစ်ဖြစ် မြောက်မြောက် မစားဖြစ်ဘဲ စိတ်ဓာတ်ကျနေခဲ့တာ အခြေအနေ တစ်ခု ကိုယ်ထားရစ်ခဲ့ရတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေလည်း တစ်ယောက်ပြီး တစ်ယောက်

အဖမ်းခံနေရချိန် အဝေးတစ်နေရာမှာ အားမလိုအားမရ ဖြစ်နေခဲ့တာ တစ်နေ့ကျတော့ ကျွန်တော့်ဆီ လူတစ်ယောက် ရောက်လာတယ်

သူက ရန်ကုန်မြို့မှာ ဆန္ဒပြပွဲ‌ကြီးတွေအပြီး ထွက်ပြေးတိမ်းရှောင်ရင်း တိုက်ပျက်ကြီးတွေလူမနေ မီးမရှိ ရေမရှိတဲ့ အဆောက်အအုံပျက်တွေမှာ ရက်ပေါင်းများစွာ ပုန်းခိုနေခဲ့ရတဲ့သူ

ညဘက်‌တွေဆို သရဲကားတွေထဲကလို ချောက်ချားစရာ အပြည့်နဲ့ အမှောင်ညတွေအကြောင်းလည်း သူပြန်ပြောပြတယ်။

သူ ကျွန်တော်ဆီရောက် လာတာကတော့ ထိုင်းမှာ အလုပ်သမားရေးတွေ ကူညီရင်း နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ ကိုရဲမင်းရဲ့ ကူညီမှုကြောင့်ပါ။

ကားတတန် လှေတတန် ခြေကျင်တတန် ခရီးကြမ်းရှည်ကြီးတွေ သူဖြတ်ကျော်လာခဲ့ပြီး ကျွန်တော်နဲ့ စတွေ့တော့ ဒယိမ်းဒယိုင် ဖြစ်နေတယ် အရင်လတွေက အအိပ် အစားမမှန်ဘဲ

စိတ်ထိခိုက် စရာတွေလည်း အတော်များခဲ့ပုံပါပဲ ညသန်းခေါင်ကျတော့ သူ့ကျန်းမာရေး အလွန်ဆိုးရွားလာတယ် အဲဒါနဲ့  အရေးပေါ် အကူအညီတောင်း ညတွင်းချင်းပဲ ဆေးတွေ ချိတ်ရတယ်။

သူ အိပ်မက်ဆိုးတွေ မက်တယ်ထင်ပါရဲ့အော်ဟစ် ညည်းညူရင်း ဆေးထိုးအပ် စိုက်ထားတဲ့ လက်ကလည်း ရုန်းကန်နေခဲ့တယ်။

ကျွန်တော့် အတွက်ကတော့ အကြောက်ဆုံးနဲ့ အမှတ်တရအရှိဆုံးညလို့ ပြောရမယ် သူ့ရဲ့ဆေးလွှတ်ထားတဲ့ လက်ကို တစ်ညလုံး ကိုင်ပေးထားရင်း စိတ်ထဲမှာလည်း သူ မတော်တဆဖြစ်သွားမှာ အရမ်းစိုးရိမ်နေခဲ့တယ်။

တဲတစ်လုံးထဲမှာ ကျွန်တော်ရယ် သူရယ် အခြားမိတ်ဆွေတစ်ဦးရယ် ရှိနေခဲ့တဲ့အချိန် ကျွန်တော့်စိတ်ထဲမှာ တွေးနေခဲ့တာက သူသာ ငါ့လက်ထဲ တစ်ခုခုဖြစ်သွားရင် ဘယ်လိုဖြေရှင်း
ရပါ့မလဲပေါ့

ပြီးတော့ ကျွန်တော်က သူ့အနုပညာကို ငယ်ငယ်လေးက တည်းက ကြိုက်ခဲ့တာလေ သူ့ကို ဒီလိုခက်ခဲကြမ်းတမ်းမှုတွေရဲ့အလွန်မှာ သူနဲ့အလိုက်ဖက်ဆုံး အနုပညာရှင် တစ်ယောက်အဖြစ်လည်း ပြန်မြင်ချင်သေးတယ်။

မနက်မိုးလင်းပိုင်းကျတော့ ကျွန်တော် ဘာမှမသိတော့ဘဲ အိပ်ပျော်သွားတယ် ကျွန်တော်လည်း အိပ်ရေးပျက်ညတွေ ထပ်နေခဲ့တာကိုး ကျွန်တော် အိပ်ပျော်သွားတဲ့အချိန်

အတူနေတဲ့ မိတ်ဆွေက သူ့လက်ကို ဆက်ထိန်းကိုင်ထားပေးတယ် ကျွန်တော် တစ်နာရီလောက် အိပ်ပျော်ပြီး ပြန်နိုးလာတော့မှ စိတ်အေးနိုင်တော့တယ်။

သူ လက်ကို မရုန်းတော့ဘဲ လန်းဆန်းမှုတချို့ကိုလည်း သူ့မျက်နှာမှာ မြင်လာရတယ် မနက်ရောက်တော့ ဘာအစားအစာမှ သူခမျာ စားမရပြန်ဘူး။

အစာ နည်းနည်း၀င်တာနဲ့ ပြန်ပြန်အန်တယ် သူအန်ပုံ ကလည်း ပင်ပန်းမှပင်ပန်းပဲ ဒီလိုနဲ့ တစ်ပတ်လောက် သူ ဆေးကုသမှုခံယူပြီးမှ အစားအသောက် တချို့ စားနိုင်လာတယ်။

သူ မြန်မြန်နေကောင်းမှ အလုပ်တွေ ဆက်လုပ်နိုင်မှာလို့လည်း တဖွဖွ ပြောရှာခဲ့တယ် သူ့အသက်အရွယ် သူ့ဘ၀ဖြတ်သန်းမှုတွေနဲ့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကာလတစ်လျှောက် နေရာအနှံ့အပြားမှာ

သူကြုံခဲ့ရတဲ့ ကြမ်းတမ်း ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့တာကို ပြန်ထောက်ရင် စိတ်ဓာတ် အလွန်သန်မာပြီး မြန်မာပြည်ကို

စစ်အာဏာရှင်လက်က အပြီးတိုင် လွတ်မြောက်စေချင်တဲ့ သူ့စေတနာကိုလည်း အထင်းသား မြင်ရတယ် အခုတော့ သူဟာ ကျန်းကျန်းမာမာနဲ့ ကျွန်တော်နဲ့ ဝေးလံလှတဲ့ တစ်နေရာမှာ

အများအကျိုးအတွက် အနုပညာအလုပ်တွေကို ဆက်လုပ်နေပါပြီ သူ့အကြောင်း တွေးမိတိုင်းလည်း ကျန်းကျန်းမာမာနဲ့ အမြဲအလုပ်တွေ ကြိုးစားနေမယ်လို့ မြင်ယောင်မိပါတယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး ကျွန်တော်တို့ ဝိုင်းပြီး ချစ်ခင်ကြရတဲ့ ကိုမင်းမော်ကွန်းပါ လေးစားလျက်ပါ ကိုကျော် ဆိုပြီးတော့ ရေးသားမျှဝေ လာခဲ့တာပါ။

အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်များလည်း ကျန်းမာပျော်ရွှင်သော နေ့ ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါ တယ်။

Credit