Cele News

သူမဖခင်၏ နေအိမ် ရေမြုပ်သွားလို့ စိတ်ပူနေတဲ့သရုပ်ဆောင် ခြူးလေး

သူမဖခင်၏ နေအိမ် ရေမြုပ်သွားလို့ စိတ်ပူနေတဲ့သရုပ်ဆောင် ခြူးလေး

သရုပ်ဆောင် ခြူးလေး ကတော့ ဇာတ်လမ်းတွဲတွေမှာပါဝင် သရုပ်ဆောင်ရင်း သရုပ်ဆောင် ပီပြင် တာကြောင့်

ပရိတ်သတ် တွေရဲ့အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောပဲ ဖြစ်ပါတယ်

ခြူးလေးက သရုပ်ဆောင် ကောင်းတဲ့အပြင် တေးသီချင်း အနည်းငယ်ကိုလဲ

သီဆိုထားပါ သေးတယ် စိတ်ထား ကောင်းပြီး ချောမော လှတဲ့ ခြူးလေးက

အလှူအတန်း တွေမှာလဲ ရက်ရောတဲ့ သူ တစ်ယောက်ပဲ ဖြစ်ပါတယ်

လက်ရှိ မိုးတွင်း ကာ လ မှာ ဖြစ်တတ်တဲ့ ရေကြီးရေလျှံ မှုတွေ​ကြောင့်

အသက် အိုးအိမ် ဆုံးရှုံး ခဲ့ရတဲ့ ပြည်သူ များစွာလဲ ရှိနေပါတယ်

သဘာဝဘေး အန္တာရာယ်ကြောင့် ဆုတောင်း မေတ္တာ ပို့ သပြီး

ရေ မရောက်နိုင်တဲ့ နေရာမှာ နေကြဖို့ ကိုလဲ ကူညီ ပေးနေကြပါတယ်

သရုပ်ဆောင် ခြူးလေး ကလဲ သူ မ ၏ ဖခင် နေအိမ် ရေမြုပ်သွားလို့

စိတ်ပူ နေရပါတယ် ခြူးလေးက သံတွဲ မြို့မှာတစ်နှစ် တစ်ခါ

ဒီလိုဘဲရေကပုံမှန်ကြီးပေမဲ့ဒီနှစ်တော့ အရမ်း စိုးရိမ်တယ်  အဖေ့ အိမ်ကတော့

၅ ပေခွဲ ရေတက် နေတယ် ဆိုပြီးတော့ ဖခင် ဖြစ်သူကို စိတ်ပူနေတဲ့ အကြောင်းကို

သူ မ ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသား ဖော်ပြ ထားပါတယ်

သရုပ်ဆောင် ခြူးလေးရဲ့ ဖခင်ကြီးလဲ ဘေးကင်းပါစေ

credit