Cele News

ခင်ပွန်းဖြစ်သူမရှိတဲ့ဘဝမှာ နေသားကျဖို့ တော်တော်လေးကြိုးစားနေရတယ်လို့ ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းဖြစ်သူမရှိတဲ့ဘဝမှာ နေသားကျဖို့ တော်တော်လေးကြိုးစားနေရတယ်လို့ ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီး ချောလေး

နန်းမြတ်ဖြိုးသင်း ကတော့ မကြာသေးမီ အချိန်ကမှ ခင်ပွန်း ဖြစ်သူကို

ဆုံးရှုံး ထားတာ ပရိသတ်တွေလည်း သိရှိပြီးသား ဖြစ်မှာပါနော်

နန်းမြတ်ရဲ့ ခင်ပွန်းကတော့ ကိုဗစ် ရောဂါကြောင့် အိမ်ထောင်သက် ၄ နှစ် ကျော် မှာတင်

ကွယ်လွန် သွားခဲ့တာပဲ ဖြစ်ပါတယ် ဘယ်လိုမှ မထင်မှတ် ထားရတဲ့ အချိန်မှာ

မိသားစုကို ခွဲခွာကာ ဘ ဝ တစ်ပါးကို ကူးပြောင်းသွားခဲ့တာကြောင့်

မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ချစ်ခင် သူတွေ အတွက် နှမြော တ သနဲ့

အံ့သြခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပြီး နန်းမြတ် အတွက်တော့ လုံးဝကို ဖြေဆည်မရတဲ့

ဆုံးရှုံးမှုကြီးပါ အခုလို ခင်ပွန်း ဖြစ်သူ ဆုံးပါး သွားပြီးတဲ့ နောက်မှာ

နန်းမြတ်က ခင်ပွန်း ဖြစ်သူ မရှိတဲ့ သူ့ရဲ့ဘ ဝ ကို နေသားကြဖို့

ကြိုးစား နေခဲ့ပေမဲ့ ခက်ခဲနေတဲ့အတွက် တော်တော်လေးကို

ကြိုးစား ယူသွားရမှာ ဖြစ်ကြောင်း သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ

ရင်ဖွင့် လာခဲ့ပါတယ် နန်းမြတ်ကို ချစ်ခင်တဲ့ ပရိသတ်တွေနဲ့

မိတ်ဆွေ သူငယ်ချင်းအပေါင်းသင်း တွေကတော့ သူတို့ အတွက်တောင်

အခုချိန်ထိ မယုံကြည် နိုင်လောက်အောင်ဖြစ်နေရသေးတဲ့ အတွက်

ကာယကံရှင် ဖြစ်တဲ့ နန်းမြတ် ခံစားရတာ တွေကို ကိုယ်ချင်းစာတာကြောင့်

စိတ်ဓာတ် မကျဘဲ အားတင်း ထားဖို့ အားပေး စကား ပြောနေခဲ့ ကြပါသေးတယ်

ပရိသတ်ကြီးရေ  နန်းမြတ်အတွက် အခုချိန်ကတော့ တကယ်ကို ခက်ခဲနေမှာပဲနော်

ပရိသတ်ကြီးလဲ နန်းမြတ် အတွက် ဆုမွန် ကောင်းလေး တောင်းပေးခဲ့ ကြဦးနော်

credit