Knowledge

ပရိုမိုးရှင်းအနေဖြင့် မြေကွက်ဝယ်ယူသူသည် သမီးချောလေးကိုပါလက်ထပ်ယူလို့ရကြောင်း ကြော်ငြာခဲ့သောမိခင်၏ ရည်ရွယ်ချက်

ပရိုမိုးရှင်းအနေဖြင့် မြေကွက်ဝယ်ယူသူသည် သမီးချောလေးကိုပါလက်ထပ်ယူလို့ရကြောင်း ကြော်ငြာခဲ့သောမိခင်၏ ရည်ရွယ်ချက်

ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် စားဝတ်နေရေး အဆင်မပြေ တော့၍

မြေကွက် ရောင်းရန်ရှိကြောင်း အသိပေး ကြော်ငြာစာ များကို

ရပ်ကွက်ထဲတွင် လိုက်ကပ် ထားသော်လည်း အချိန် တော်ကြာသည်ထိ

မည်သူမျှ စိတ်ဝင်စားခြင်း မရှိ လာရောက် မေးမြန်းခြင်းလည်း မရှိနှင့်

အခက်တွေ့နေရသည် ထိုစဥ်မိခင်ဖြစ်သူသည် အကြံတစ်ခုရခဲ့ပြီး

တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနှင့် အသက် ၃၀ အရွယ် ရှိပြီ ဖြစ်သော်လည်း

ရည်းစားလေး တစ်ယောက်ပင် အတည်တကျ မရှိသော သမီးချော လေးကို

ယောကျာ်းတစ်ခါတည်း ပေးစားချင်ခဲ့သည် ထို့ကြောင့် မိခင် ဖြစ်သူသည်

မြေကွက် ရောင်းရန် အသိပေးစာကို သမီးချော လေး၏ ဓာတ်ပုံ ပိုစတာ ပြုလုပ်ခဲ့ပြီး

လိပ်စာ ဖုန်းနံပါတ်နှင့် တကွ မြေကွက် ဝယ်သူ အနေနှင့် သမီးလေး ကိုပါ တစ်ခါတည်း လက်ထပ် ယူနိုင်သည်ဟု ရွာထိပ်တည့်တည့်ကနေ

ဆိုင်းဘုတ် ကြီး စိုက်ထူခဲ့သည်မိခင် ဖြစ်သူသည် သမီးလေးကိုပါ

တစ်ခါတည်း ပေး စား ရခြင်းမှာ မြေကွက် ဝယ်ယူသူ အနေနှင့် အဆင်ပြေပြေ ချမ်းသာသည့်

သူသာ ဖြစ်နိုင်၍ သမီးလေးကို သူဌေးသားနှင့် ညားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်

credit