Knowledge

ငရုတ်သီးကို ကြိုက်လွန်းလို့ တစ်ရက်ကို 3 ကီလိုအထိတောင် စားတယ်ဆိုတဲ့ အမျိုးသား

ငရုတ်သီးကို ကြိုက်လွန်းလို့ တစ်ရက်ကို 3 ကီလိုအထိတောင် စားတယ်ဆိုတဲ့ အမျိုးသား

အိ န္ဒိ ယ နိုင်ငံသား Pyare Mohan အမည်ရ အသက် 40 အရွယ် အမျိုးသားဟာ ငရုတ်သီးကို အလွန် စွဲလမ်း

နှစ်ခြိုက်သူ ဖြစ်ပြီး တစ်နေ့ကို 3 ကီလို အထိ 7 ပေါင်ခန့်  ကုန်အောင်စားလေ့ ရှိတယ်လို့ ဆိုပါတယ်

သူဟာ ငရုတ်သီးဆို အစိမ်းပဲ ဖြစ်ဖြစ်  အနီပဲဖြစ်ဖြစ်  အမှုန့် ကြိတ်ပြီးသားပဲ ဖြစ်ဖြစ်

ငရုတ်သီးသာ ဖြစ်ပါစေ ဘာလာလာ ဒေါင်းပြီးသားလို့ ဆိုပါတယ်

သူဟာ ငရုပ်သီးဆိုရင် စပ်မှ သဘောကျပြီး ငရုတ်သမီး မပါတဲ့နေ့ ထမင်း စားရတာ မဝဘူးလို့လည်း ဆိုပါတယ်

ထမင်း တစ်နပ်အတွက် အနည်းဆုံး ငရုတ်သီး တစ်ကီလို လောက်မှ မရှိရင် စားလို့ မဖြောင့်ဘူးလို့လည်း သူက ဆိုပါတယ်

Mohan က  ထမင်း တစ်နပ်မှာ ငရုတ်သီးတစ်ကီလိုတော့ မရှိမဖြစ် လိုအပ်ပါတယ်  မိန်းမကိုလည်း

ဘယ်ဟင်းကို ချက်ချက် ငရုတ်သီး နဲ့ပဲချက်ဖို့ ပြောထားရတယ်

သူတို့က စလပ်ရွက် ကို မြုပ်စားတယ်  ကျနော်ကတော့ ငရုတ်သီး ပေါ့ လို့ ပြောခဲ့ ပါတယ်

Mohan က ဆက်လက်ပြီး  ငရုတ်သီးမပါရင်တော့ ထမင်း စားရတာလည်း မဝဘူး  စားရတယ် လို့တောင် မထင်ပါဘူး  လို့ ပြောပါတယ်

သူဟာ Madhya Pradesh ပြည်နယ်မှာ တည်ရှိတဲ့ သူတို့ ရွာနီး ချုပ်စပ် မှာတော့ C e l e တစ်ယောက် ပါဘဲ

တစ်ချို့က သူ ငရုတ်သီးနဲ့ အား ရပါးရ ထမင်း စားနေတာကို လာပြီးကြည့်တဲ့သူတွေတောင် ရှိပါတယ်

Mohan ဟာ မင်္ဂလာနဲ့ ဘာသာရေး ပွဲတော်တွေမှာ တူရိယာ အခစား တီးမှုတ်ခြင်းနဲ့ မိသားစုကို ဝင်ငွေ ရှာပေး နေသူ ဖြစ်ပါ တယ်

ကလေး သုံးယောက် ရှိပါတယ် တစ်ချို့က ဒီလောက် လွန်လွန် ကျွံကျွံ ငရုတ်သီး စားတာ အစာအိမ် ဒုက္ခမရောက်ဘူးလား

မေးတော့ Mohan က စားတာက ဘာမှမဖြစ်ဘူး   မစားရတာက ဖြစ်တာ လို့ ပြန်ပြောလေ့ ရှိပါတယ်

သူက ငရုတ်သီးက သူ့ကို ဒု က္ခ မပေး ဖူးကြောင်း အခု အချိန်ထိ သူ နေမကောင်း ဖျားနာ မဖြစ်ခြင်းမှာ

ငရုတ်သီးရဲ့ အကျိုး ကျေးဇူးကြောင့် ဖြစ်ကြောင်း  အခုလို တစ်နေ့ကို သုံးကီလိုလောက် ဆက်တိုက် စားခဲ့တာ

6 နှစ် ရှိပြီ ဖြစ်ပြီး ဘယ်တုန်းကမှ သူ့ကို ငရုတ်သီးက ဒုက္ခမပေးခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်

Credit