Knowledge

သေဆုံးသွားမှန်းမသိဘဲ သခင်ဖြစ်သူရဲ့အလာကို လမ်းဘေးတစ်နေရာမှာ ရက်ပေါင်း ၈၀ အကြာထိ စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှိခွေးလေ

သေဆုံးသွားမှန်းမသိဘဲ သခင်ဖြစ်သူရဲ့အလာကို လမ်းဘေးတစ်နေရာမှာ ရက်ပေါင်း ၈၀ အကြာထိ စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှိခွေးလေး

Akita အမျိုးအစား ဖြစ်ပြီး Ha chiko အမည်ရှိခွေးလေးဟာ သခင်ဖြစ်သူရဲ့

အိမ်ပြန် အလာကို ဘူတာရုံ၌ ၉ နှစ်အကြာစောင့်ဆိုင်း ခဲ့ပေမဲ့လည်း သခင်ဖြစ်သူ Hide sa b urō Uen o က

အလုပ်လုပ် နေရင်း ဦးနှောက် သွေးယိုစိမ့်မှုကြောင့် သေဆုံး သွားခဲ့တာကြောင့်

ဘယ်တော့မှ ခွေးလေးဆီ ပြန်မလာနိုင်တော့တဲ့ဖြစ်ရပ်မှန် ပုံပြင်ကို ကြားဖူးကြမှာပါ

သို့ပေမဲ့ ခွေးလေးဟာ သခင်က ဘာဖြစ်သွားတာလဲဆိုတာကို မသိနေခဲ့တဲ့ အတွက်

သခင် ဆုံးပြီး သွားတာတောင် ရထားဘူတာမှာ ဆက်စောင့် နေခဲ့ပါတယ်

ခွေးလေးဟာ နေ့တိုင်း ဘူတာရုံမှာ အမြဲရှိနေခဲ့ပြီး သူ့ရဲ့မယုံနိုင်စရာ သစ္စာရှိမှုကြောင့်

Hachiko လေးဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူသိများ ကျော်ကြားလာခဲ့ပါတယ်

မကြာသေးမီက မွန်ဂိုလီးယားနိုင်ငံရှိ လမ်းမကြီးတစ်နေရာရဲ့ဘေးမှာ

သခင် ဖြစ်သူအား လပေါင်းများစွာအထိစောင့်ဆိုင်းနေခဲ့တဲ့

ခွေးလေးတစ်ကောင်ကို တွေ့ခဲ့ကြပြီးနောက် netizen များက ၎င်းခွေးလေးအား Hachiko အသစ်ဟု ခေါ်ခဲ့ကြပါတယ်

၎င်းအမည် မသိ ခွေးပိုင်ရှင်ဟာ မတော်တဆမှုတစ်ခုနှင့် ကြုံခဲ့ရပေမဲ့

Hachiko လိုခွေးလေးက သခင် ဖြစ်သူကနောက်ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာကို

မသိနေခဲ့ပါဘူး ခွေးပိုင်ရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင်

ကားမတော်တဆမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ခွေးဟာလည်း ထိုအချိန် ကတည်းကပင်

ထို့နေရာမှာ သခင် ပြန်လာမဲ့အချိန်ကို စောင့်ဆိုင်း နေခဲ့ပါတယ်

ထို့နောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လမ်းမကြီးဘေးရှိ သခင့် အလာကို စောင့်နေခဲ့တဲ့

သနားစရာ ခွေးလေးရဲ့ဗီဒီယိုကို တရုတ်သတင်းပလက်ဖောင်း တစ်ခုမှ မျှဝေ ပေးခဲ့ပါတယ်

၎င်းဗီဒီယိုဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ကြည့်ရှုသူပေါင်း သန်းချီ ရရှိခဲ့ပြီး

ခွေးလေးရဲ့သစ္စာရှိမှုကြောင့် လူအများရဲ့အထင်ကြီး လေးစား ခံခဲ့ရပါတယ်

ခွေးလေးရဲ့ နာမည်ကို ဘယ်သူမှ မသိခဲ့ပါဘူး ထို့ကြောင့် ကမ္ဘာပေါ်တွင် သစ္စာအရှိဆုံး

ခွေးလေးအား ဂုဏ်ပြုသောအားဖြင့် လူအများက Hachiko အသစ်ဟု ခေါ်တွင်ခဲ့ကြပါတယ်

မူလ Hachiko ကဲ့သို့ပင် ဤခေတ်သစ် Hachiko ဟာ ရာသီဥတု မရွေး ၎င်းနေရာ၌သာ ရှိနေခဲ့ပါတယ်

ထို့ကြောင့် ၎င်းရဲ့ကျန်းမာရေး အတွက် စိတ်ပူခဲ့ကြတဲ့ များစွာသော လူများက

ခွေးလေးကို ကူညီဖို့ ကြိုးစားခဲ့ကြပေမဲ့ ခွေးလေးဟာ ဒေါသတကြီးနှင့် ကူညီတဲ့ သူတိုင်းကို ရှောင်ဖယ် နေခဲ့ပါတယ်

ထို့ကြောင့် ခွေးချစ်သူများဟာ ၎င်းနေရာမှာ ခွေးလေးအတွက် အစာနှင့် ရေတို့ကို ကျန်ထားပေးခဲ့ကြပေမဲ့

ပိုင်ရှင်ရဲ့မိသားစုက ခွေးလေးကို အသိအမှတ်ပြုပြီး အိမ်သို့ပြန်ခေါ်သွားပေးဖို့ကို မျှော်လင့် နေခဲ့ကြပါတယ်

ဆောင်းရာသီ နီးကပ်လာသည် နှင့်အမျှ ၎င်းကဲ့သို့ အမြန်ဆုံး ဖြစ်လာရန်

သို့မဟုတ် သနားစရာ ကောင်းလွန်းတဲ့ ခွေးလေးအား တစ်စုံတစ်ယောက်က

မွေးစား လိမ့်မယ်လို့ လူတိုင်းက မျှော်လင့် နေခဲ့ကြပါတယ်

Credit