Cele News

သူ့ရဲ့ရင်သွေးလေးကို မြင်ရတော့မှာမို့ ကွန်လွန်သူဖခင်ကို သတိရပြီး မိဘမေတ္တာကို ပိုမိုခံစားတက်လာတယ်ဆိုတဲ့ သရုပ်ဆောင် နက္ခက်

သူ့ရဲ့ရင်သွေးလေးကို မြင်ရတော့မှာမို့ ကွန်လွန်သူဖခင်ကို သတိရပြီး မိဘမေတ္တာကို ပိုမိုခံစားတက်လာတယ်ဆိုတဲ့ သရုပ်ဆောင် နက္ခက်

သရုပ်ဆောင် နက္ခတ်ကတော့ ချစ်ဇနီးလေးနဲ့အတူ နှစ်ကိုယ်တူ ဘဝလေးကို

လျှောက်လှမ်းနေပြီး မကြာခင်မှာ မိသားစုလေးတစ်စု ဖြစ်လာတော့မှာ ဖြစ်ပါတယ်

နက္ခတ်ရဲ့ ဇနီးလေးက ကိုယ်ဝန် လွယ်ထားရတာ ၉ လ ကျော်နေပြီ ဖြစ်ပါတယ်။

နက္ခတ်ကလည်း ကိုယ်ဝန် လွယ်ထားရတဲ့ ချစ်ဇနီးကို အဆင်ပြေပြေ ကျန်းကျန်းမာမာနဲ့

မွေးဖွား နိုင်အောင်လို့ အစစအရာရာ ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်

သူကိုယ်တိုင် ဖခင် နေရာ ရောက်တော့မှာ ဖြစ်လို့ ပျော်ရွှင် ကြည်နူးနေတာပဲ ဖြစ်ပါတယ်။

နက္ခတ်က သူ့ရဲ့ချစ်လှစွာသော ဖခင်ကို မေလ၁၃ရက်နေ့ ည ၁၁ နာရီ ၃၉ မိနစ် အချိန်တွင်

ဆုံးရှုံး ခဲ့ရတာ ဖြစ်ပါတယ် ဖခင် ဖြစ်သူကို ပူပူနွေးနွေး ဆုံးရှုံး ထားရတဲ့ နက္ခတ်လည်း

ဖခင် တစ်ယောက် ဖြစ်လာတော့မှာ ဖြစ်တာကြောင့် သူ့အဖေနဲ့ အမေရဲ့ မေတ္တာ တရားတွေကို ပိုခံစား တတ်လာနေတာဖြစ်ပါတယ်

နက္ခတ်ကတော့ မိခင်ဖြစ်သူ သူ့ကို ကိုယ်ဝန်လွယ်ထားရချိန်မှာ အဖေနဲ့အမေ

ဘယ်လောက် ပျော်ရွှင် ကြည်နူးနေမလဲ ဆိုတာကို တွေးနေမိတာ ဖြစ်ပါတယ်

သူကိုယ်တိုင် ဖခင် တစ်ယောက် ဖြစ်လာတော့မယ့် အချိန်မှာ အဖေက ဘေးနားမှာ မရှိတော့လို့

အရမ်း သတိရနေတာ ဖြစ်ပါတယ် သူ့ရဲ့အဖေရှိနေသေးရင်လည်း ဆုံးမစကားတွေကို ကြားနေချင်သေးတာ ဖြစ်ပါတယ်

နောက်လမှာ လူ့လောကထဲ ရောက်လာတော့မယ့် သူ့ရဲ့ရင်သွေးလေးကို မျှော်နေရင်း

တန်ဖိုး ဖြတ်လို့မရတဲ့ မိဘမေတ္တာကို ပိုနားလည်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် နက္ခတ်ကတော့ ဖခင်နေရာရောက်လာတော့မယ့် ခံစားချက်ကို

လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသား လာခဲ့တာဖြစ်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်

Credit