Cele News

သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဝန်ခံလာတဲ့ သိန်းလင်းစိုး

သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဝန်ခံလာတဲ့ သိန်းလင်းစိုး

အာဏာ မသိမ်းခင် ကာလတုန်းက လူငယ်တွေကြားမှာ အူတက်အောင်ရီ နေရတဲ့

Double Dating အစီအစဉ်လေးမှာ ပါဝင်ကြတဲ့ အောင်မင်းခန့်

ယွန်းယွန်း စည်သူဝင်းနဲ့ သဇင်ထူးမြင့် ကတော့ အတွဲညီညီနဲ့

ရိုနိုင်လွန်းသူတွေ ဖြစ်တာကြောင့် မြင်ရသူတိုင်းက ချစ်နေကြတာ ဖြစ်ပါတယ် လေးယောက်စလုံးက သရုပ်ဆောင် နေတာနဲ့ မတူဘဲ

အပြင်မှာ တကယ့် ချစ်သူတွေလို ရိုနေကြပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ငြင်းခုန်နေကြ ပုံတွေကလည်း

ကလေးတွေလို ဖြစ်နေတာကြောင့် ကြည့်နေသူတိုင်းက သဘောမကျဘဲ မနေနိုင် ကြပါဘူးနော်

ချစ်စရာ ကောင်းလွန်းပြီး ရိုနိုင်လွန်းကြတဲ့ သူတို့စုံတွဲ နှစ်တွဲကြားမှာ လူပျိုကြီး သိန်းလင်းစိုးတစ်ယောက် အားကျနေတဲ့

ပုံစံလေးတွေ ကလည်း ပရိသတ်တွေကို တကယ်ပဲ ရယ်မော

ပျော်ရွှင် စေကာ သဘောကျစေတာလည်း တွေ့ရပါတယ်

ဒီနေ့လေးကတော့ လူပျိုကြီး သိန်းလင်းစိုးရဲ့မွေးနေ့လေးလည်း ဖြစ်တဲ့အပြင်

မွေးနေ့ရှင် ကိုယ်တိုင်က ချစ်သူ ရှိပြီဆိုတာအတိအလင်း ရေးသားလာပြီ ဖြစ်ပါတယ်နော်

သိန်းလင်းစိုး ကိုယ်တိုင် ဖေ့ဘုတ် စာမျက်နှာထက်မှာ

ကိုသိန်း ရဲ့ Relationship ကို တော်ယုံ မပြောပါဘူး သိတဲ့အတိုင်း

အချစ်ရေးရော Personal ရောပတ်သက်ပီး Facebook မှာမတင်ပါဘူး

Facebook မှာ ဘယ်တုန်းကမှ မတင်ခဲ့ မပြောခဲ့ ရင်မဖွင့်ခဲ့ပါဘူး

ဒီလိုကိ စ္စ တွေကို ပြောလည်း မပြောချင်ပါဘူးရေးလဲ မရေးချင်ပါဘူး

အဓိ က ကိုယ့်အကြောင်းဆို ပျော်တာပဲ ပြောပြချင်တာ

လက်ရှိ relationship မှာအနှောင့်အယှက် ဖြစ်မှာစိုးရိမ်လို့ပါ ဒါပေမဲ့ ခုမပြောလဲ

တဖြည်းဖြည်း အကုန် သိလာကြတော့မဲ့ အတူတူ ဒီအကြောင်းတေကို ကျွန်တော်ဘက်ကပဲ အရင် စပြီးပြောပြပါ့မယ်

ဆိုပြီး ရေးသားလာခဲ့တာ ဖြစ်ပါတယ် ကိုသိန်းရဲ့ စနောက်တတ်တဲ့ အကျင့်လေးနဲ့ အတူ

ပရိသတ်‌ကြီးလည်း သဘောတူတယ်ဆိုတဲ့ အကြောင်းလေး ပြန်လည် ရေးပေးသွားကြပါအုံးနော်

Credit