Knowledge

သူပိုင်ဆိုင်တဲ့မြေ ၅ ဧကကျော်ကို ဆေးရုံဆောက်လုပ်ဖို့အတွက် အပြီးတိုင်စွန့်လွှတ်ပြီး ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ အလှူရှင်မိသားစု

သူပိုင်ဆိုင်တဲ့မြေ ၅ ဧကကျော်ကို ဆေးရုံဆောက်လုပ်ဖို့အတွက် အပြီးတိုင်စွန့်လွှတ်ပြီး ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ အလှူရှင်မိသားစု

မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးဘာသာ မရွေးကတော့ အလှူအတန်းဆို အရမ်းရက်ရော ကြတာ ဖြစ်ပါတယ်

ဒါ့ကြောင့်လည်း အရေးကြုံလာရင် သွေးနီးကြပြီး မိမိတို့ မိသားစုဝင် လိုမျိုး သတ်မှတ်ကာ တတ်နိုင်သလောက် ကူညီပေးတာ ဖြစ်ပါတယ်

မြန်မာပြည်သူ လူထုကလည်း ကိုဗစ် ပထမလှိုင်းက တည်းက စီးပွားရေးတွေ ကြပ်တည်း သွားကြပေမယ့်

အလှူရေစက် လက်နဲ့မကွာဘဲ စုဆောင်းထားတဲ့ထဲက မျှဝေ လှူဒါန်းနေတာ ဖြစ်ပါတယ်

အခု ကိုဗစ် တတိယလှိုင်းမှာ ပြည်သူလူထုက စည်းစည်း လုံးလုံးနဲ့ ရောဂါဆိုးကို တိုက်ထုတ်နေကြတာ ဖြစ်ပါတယ်

ကိုဗစ် တတိယလှိုင်း မှာဆိုရင် လူနာတွေက အောက်ဆီဂျင် အရမ်း လိုအပ်တာကြောင့်

တချို့အလှူရှင်တွေက အလှူငွေ မတည်ပြီး အောက်ဆီဂျင် စက်ရုံတွေ ဆောက်လုပ်နေတာဖြစ်ပါတယ်

အခု ဆိုရင်လည်း အရှင်စန္ဒဇောတိက မော်လမြိုင်မြို့မှာ ဆေးရုံ ဆောက်လုပ်ဖို့ အတွက် စီစဉ်နေတာ ဖြစ်ပါတယ်

အလှူရှင် တွေကလည်း ဘုန်းဘုန်းထံမှာ လိုအပ်တဲ့ နေရာတွေ အတွက် ရက်ရက်ရောရော လှူဒါန်းကြတာ ဖြစ်ပါတယ်

ဆေးရုံ ဆောက်ဖို့အတွက် မြေနေရာ အကျယ်လိုအပ်တာကြောင့် စေတနာရှင် မိသားစုတစ်စုမှ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်

လှူဒါန်းတဲ့ မိသားစုကတော့ ဆေးရုံ ဆောက်လုပ်ဖို့အတွက် မြေဧ က ၅.၁၄ကို

မော်လမြိုင် မင်းရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ဘုန်းဘုန်းထံ လွှဲပြောင်း ပေးခဲ့တာဖြစ်ပါတယ်

လူ့အသက်တွေကို ကယ်တင်ဖို့အတွက် ဆေးရုံဆောက်လုပ်တဲ့ နေရာမှာ တတပ်တအား အနေနဲ့

မြေအကျယ်ကြီးကို ရက်ရက်ရောရော လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး စေတနာ သဒ္ဓါတရား ထက်သန်တဲ့ အလှူရှင် မိသားစုရဲ့ ကုသိုလ်ကို

ဝမ်းမြောက်စွာ သာဓုခေါ်ဆို နိုင်ကြဖို့အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်

Credit