Cele News

ခုချိန်ထိခင်ပွန်းဆုံးပါးသွားတာကို မသိရှာသေးတဲ့ ပြေတီဦးရဲ့မိခင်ကြီးအကြောင်း ပြောပြလာတဲ့ ဝေဠုကျော်

ခုချိန်ထိခင်ပွန်းဆုံးပါးသွားတာကို မသိရှာသေးတဲ့ ပြေတီဦးရဲ့မိခင်ကြီးအကြောင်း ပြောပြလာတဲ့ ဝေဠုကျော်

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းတွေကို သူရဲ့အသင်းသားများနဲ့ ပူပေါင်းပြီး နေ့စဉ်ရက်ဆက်ကို ပြုလုပ်ပေးနေပါ တယ်။

အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူများကို ဝေလုကျော်ကကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုပြီး အတတ်နိုင်ဆုံး ကူညီထောက်ပံ့ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးတော့ ကူးဆက် ပျံ့နှံ့မှုတွေကြောင့် အောက်ဆီဂျင် မလုံလောက်မှုကြောင့် အသက်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်

အသက်ဆုံးတဲဲ့ အထဲမှာလည်း အနုပညာရှင်တွေအပါအဝင် အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

မကြာသေးခင်က ရောဂါကူးစက်ခံရတဲ့ သူတွေထဲမှာဆို ရင်သရုပ်ဆောင် ပြေတီဦးရဲ့ဖခင်ကြီးအပါအဝင်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကဆိုရင် ပြေတီဦးရဲ့ ဖခင်ကြီးက အောက်ဆီဂျင် အရေးပေါ်လိုအပ်နေတယ်လို့ကြား သိရပါတယ်။

နောက်ဆုံးမှာတော့ အသက်ဆုံးရှုံးသွားရတာဖြစ်တာကြောင့် ပရိသတ်တွေလည်း အဖမ်းခံထားရတဲ့ ပြေတီဦးနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်

ဒီနေ့လေးမှာတော့ မင်းသားဝေဠုကျော် ကသူရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ လူတိုင်းကမထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကိုရေးသား လာခဲ့ပါတယ်။

အဲဒါကတော့ မင်းသားပြေတီဦးရဲ့ဖခင်သေဆုံးမူကိုမိခင်ဖြစ်သူက မသိသေးတဲ့အကြောင်းကိုပြောပြလာပါတယ်။

ပြေတီဦးရဲ့ မိခင်က သွေးတိုးရောဂါနဲ့အခြားရောဂါတွေလည်း ခံစားနေရတာကြောင့် မိသားစုကလည်း ခုချိန်ထိ အသိမပေးသေးတဲ့အကြောင်းကို ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ကျန်းမာရေးကိုအထူး ဂရုစိုက်ကြပါ ဖတ်ရှူ့ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း

သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်နော်။

Credit