Knowledge

လောကကြီးမှာ မည်သည့်အရာမှ အလကားမရပါ

အသစ်စက်စက် လက်ထပ်ထားတဲ့ လင်မယား နှစ်ယောက်ဟာ နောက်တစ်နေ့ မနက်မှာ

မိဘတွေ လက်ဖွဲ့ထားတဲ့ တထပ်တိုက်လေးထဲက လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေ ကြတယ်

နှစ်ဖက်မိ ဘ အသိုင်းအဝိုင်းတွေဟာ အရမ်း ချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့

လက်ဖွဲ့တွေကလည်း အဖိုးတန် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ်

နောက်ဆုံး လက်ဖွဲ့ အထုတ်ကို ဖေါက်လိုက်တဲ့အခါ အထုတ်ထဲမှာ စာအိတ်ဖြူ တခုကို တွေ့လိုက်ရတယ်

စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့

Live Show ပွဲတခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ် နှစ်စောင် ဖြစ်နေတယ် ။

အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်း ဈေးကြီးသလို လက်မှတ် ဝယ်လို့လည်း မရတော့ဘူး

ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့နှစ်ယောက်စလုံး အင်မတန် ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ ။

သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်း ဝမ်းသာသွား ကြတယ် ။

လက်မှတ်တွေနဲ့ အတူ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက် ကြတယ်

စာရွက်ပေါ်မှာ ရေးထားတာက လက်မှတ်ပေးသူကို မှန်း ဆကြည့်ပါ တဲ့ ။

စာအောက်မှာ နာမည် မပါဘူး လင်မယား နှစ်ယောက်ဟာ နောက်နေ့ ကျတော့

သူတို့မိတ်ဆွေတွေကို လက်မှတ်ပေးတာ ဘယ်သူလဲဆိုပီး မေးကြည့်တယ်

အားလုံးက သူတို့ မဟုတ်ဘူးလို့ ပြောကြတယ် ။ လင်မယားလည်း လူကုန်သလောက် မေးပြီးလို့

လက်မှတ်ပို့သူကို ရှာမတွေ့တာကြောင့် လက်လျှော့လိုက် ကြတယ်

ဘာပဲဖြစ်ဖြစ် လက်မှတ်ပေးတဲ့သူကို ကျေးဇူးတင်နေ ကြတယ်

Show ပွဲ စမယ့် ညနေမှာ သူတို့ လင်မယားဟာ နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ထမင်းစားကြတယ် ။

ပြီးမှ Show ပွဲကို သွားကြည့်တယ် Show ပွဲဟာ လူအပြည့် ပါပဲ

တီးတာ ဆိုတာတွေကလည်း အရမ်းကောင်းပရိသတ်တွေကလည်း သီချင်းတွေ လိုက်ဆိုကြနဲ့ဆိုတော့ ပျော်စရာ အလွန်ကောင်းတယ်

အဆိုတော်ကလည်း သူတို့ကြိုက်တဲ့ သီချင်းတွေကို အများဆုံး ဆိုသွားလို့ လင်မယားနှစ်ယောက်ဟာ အရမ်းပျော်နေကြတယ်

Show ပွဲက ည ၁၁ နာရီမှ ပြီးတယ် အိမ်ကို သူတို့ကားလေးနဲ့ ပြန်လာကြတယ်

လမ်းမှာ သူတို့ဟာ Show ပွဲ ဘယ်လောက် ကောင်းကြောင်း အဆိုတော်ကို အနီးကပ်မြင်တွေ့ရလို့

ကျေနပ်ကြောင်းနဲ့ လက်မှတ်ပေးတဲ့ သူကိုလည်း အရမ်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွ ပြောလာကြတယ် ။

သူတို့ အိမ်ပြန်ရောက်တဲ့အခါ သော့ခတ်ထားတဲ့ ခြံဝင်းတံခါး ပွင့်နေတယ် ။

ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့ နှစ်ယောက်စလုံး ကားပေါ်က ကမန်းကတန်း ဆင်းပြီး အိမ်ဆီကို ပြေးသွားကြတယ်

သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးလည်း ပွင့်နေတယ် ။

သူတို့ အိမ်ထဲကို စိုးရိမ်တကြီးနဲ့ ဝင်လိုက်တယ် ။
အိမ်ထဲက ဘီရိုအံဆွဲတွေ၊ စားပွဲအံဆွဲတွေ ပွင့်နေပီး

အိပ်ခန်းထဲမှာလည်း မွှေနှောက်ရှာထားလို့ ပစ္စည်းတွေ ပျံ့ကျဲနေတယ်

သူတို့ပိုင်တဲ့ ရွှေ ငွေ ရတနာနဲ့ ပိုက်ဆံတွေ လက်ဖွဲ့ရတဲ့ ပစ္စည်းတွေ ဘာမှ မရှိတော့ဘူး ။ အကုန် ခိုးခံလိုက်ရပြီ

ဒါနဲ့ လင်မယား နှစ်ယောက်လည်း အရမ်း စိတ်ဓါတ် ကျနေကြတယ် ။

မိန်းမလည်း ရှိုက်ကြီးတငင် ငိုနေတယ် ခဏကြာတော့ လင်မယားနှစ်ယောပ်ဟာ ရေသောက်ဖို့ ထမင်းစားခန်းထဲကို ဝင်လိုက်ကြတယ်

ထမင်းစားပွဲပေါ်မှာ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လိုက်ကြတယ် ။

ယောက်ျားက စာရွက်ခေါက်ကို ကမန်းကတန်း ဖြန့်လိုက်ပြီး လက်မယား နှစ်ယောက်အတူ ဖတ်ကြည့်လိုက် ကြတယ် ။

စာရွက်ပေါ်မှာ ရေးထားတာက လက်မှတ်ပေးသူကို အခု သိပြီ မဟုတ်လား တဲ့ အရင်စာထဲက လက်ရေးနဲ့ အတူတူပဲ နာမည် မရေးထားဘူး

သင်နဲ့ မရင်းနှီးသူ တစ်ယောက်က တစုံတခုကို အလကား ပေးလာရင် သတိထားပါ ။

အထူးသဖြင့် ဈေးကြီးတာကို အလကား ပေးလာတယ် ဆိုရင် ပိုပြီး သတိကြီးကြီး ထားလိုက်ပါ ။

လောကကြီးမှာ မည်သည့်အရာမှ အလကားမရပါ

credit