Cele News

ရေမွန်ရဲ့ကားနဲ့ဖုန်းကိုထပ်တောင်းတဲ့ ရေမွန့်ရည်းစားစိတ်ဓါတ်ကို ဖွင့်ချပြလိုက်တဲ့ ဒေါ်ခင်မြတ်မွန်

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့တွင် အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးက ဝမ်းနည်းပူဆွေး ခဲ့ကြရတာ ဖြစ်ပါတယ်။

သူ့ရဲ့မိခင် ကလည်း အားကိုးရလွန်းပြီးမိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ကို ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ ၂ လပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ခွဲခွာသွားတာမကြာသေးပေမယ့် အားလုံးက အခုချိန်ထိသူ့ကို လွမ်းဆွတ် သတိရနေကြဆဲ ဖြစ်ပါတယ်။

လက်ဖျံမှာ နှင်းဆီပန်းပွင့်လေး Tattoo ထိုးပြီးတွတ်ပီကို တက်ခေါ်ရင်း Suprise လုပ်ဖို့ကြံခဲ့တာ သူကဆုံးတော့ မပြလိုက်ရဘူး

ခု ၂ လပြည့်တဲ့နေ့  မှတ်မှတ်ရရ သူ့အတွက် Tattoo ထပ်ထိုးခဲ့တယ် ဘဝမှာကိုယ့်ကိုယ်ပေါ် တက်တူးထိုးဖြစ်မယ် အထူးသဖြင့် ဒီအသက်အရွယ်မှာ တစ် ခါမှထင်မထားခဲ့ဘူး

ခုတော့လဲ သူ့အကြောင်းပြုပြီး ထိုးဖြစ်ပြီ နောင်ထပ်မံထိုးဖြစ်မဲ့ တက်တူးတိုင်းဂာလဲ တွတ်ပီနဲ့ဘဲ ပတ်သက်မယ်

အမေ့တက်တူးကသာ သူနဲ့ ပတ်သက်တာ အမေနဲ့ပတ်သက်တဲ့ တက်တူး သူ့မှာတစ်ခုတောင်မရှိခဲ့တာ ရင်နာစရာ

Kတဲ့ အဖေ့သွေးအပြည့်ပါတော့ သူတို့ဘဝတွေမှာ အရေးပါခဲ့တဲ့ သူရဲ့အမည်နာမကို တက်တူးထိုးဖို့မစဉ်စားခဲ့ကြဘူး တွတ်ပီလဲ ကိုယ့်အပေါ်တစ်ချိန်လုံး နိုင်စားခဲ့တယ်

ကိုယ်တိုင်က ဘာမှမဟုတ်ဘဲ နိုင်ငံကျော် Cele ကြီးအပေါ်  အမြမောက်မာ ဂုဏ်ဆာခဲ့တဲ့ ရီးစားနဲ့ ပြသနာတက်တိုင်း နောက်တစ်ယောက်နဲ့ ချိန်းပြီး သွားအိပ်တတ်တဲ့ ခေတ်ဆန်ရုံမက

ခေတ်ရှေ့ အပြေးလွန်နေတဲ့ ယူ့အကိုကိုတို့ကလက်ထပ်ဖို့ အစီအစဉ်မရှိဘူး အပျော်တွဲတာလို့ မိန်းမသိက်ခါ တပြားမှမရှိ

အရှက်မရှိ ပြောထွက်ခဲ့တဲ့ အချင်းချင်းပြသနာတက် စကားများတိုင်း မဆီမဆိုင် အိမ်ကအမေနဲ့နှမကို ဆွဲထည့်ပြီး မအေ နှမ လို့ ဆဲရေးတတ်တဲ့ သေဆုံးသွားသူကိုမှ မညှာမတာ

လူ သိရှင်ကြားအကြွေး ၃ သိန်းတောင်းခဲ့ပြီး လူမသိသူမသိ တိတ်တိတ်လေး ကိုကိုက ဘေဘီ့ကို ကိုကို့ရဲ့ကားနဲ့ ဖုံးပေးခဲ့လို့ ယူလိုက်မယ် လို့မျက်နှာပြောင်ပြောင်

လောဘတက် တောင်းခဲ့တဲ့ တွတ်ပီကဘဲ သူသေတော့မှာ ကြိုသိလို့ ပေးခဲ့သလိုလို ဘေဘီဟိုကို လိုက်လာရင် ဘာမဇမလုပ်တတ်ဘူး

ဟင်းမချက်တတ် အဝတ်မလျှော်တတ်ဘူး ဒီတော့ ဘေဘီ့အတွင်းခံ ဘောင်းဘီတွေ ကိုကိုလျှော်ပေးမှာလားလို့ မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့တဲ့ ကိုယ့်ရည်းစားဆုံးကြောင်း

သိချိန် ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဟိုကို driver ခေါ်ပြီးတက်လိုက်ခဲ့မယ် dead body ရန်ကုန် ပြန်သယ်ချင်လား အားလုံးစီစဉ်ပေးမယ် ပြောပြီး

ကြက်ပျောက် ငှက်ပျောက်ပျောက်သွားပရိသတ်ဖက်လှည့် attention ယူ မျက်ရည်ခြူပြီး မကြာခင် Club တွေ bar တွေမှာ တရုံးရုံးနဲ့ပျော်တော်ဆက်နေတဲ့ အပေါစားမ ရဲ့နံမည်ကိုမှ မင်းကိုယ်ပေါ်မှာ သေရာပါမှတ်တမ်းတင် ကဗျည်းထိုးရသတဲ့လား ရင်နာလိုက်ပါ ဘိ

နှမြောလိုက်ပါဘိ တွတ်ပီရေ အကယ်၍ မင်းကိုအရမ်းချစ်ပြီး တစ်နေ့မှမေ့မရဘဲ နေ့စဉ်မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတဲ့ အမေ့ကိုရည်ညွှန်း တာသာဖြစ်ခဲ့ရင်

အလွန် ကျက်သရေမင်ဂလာနဲ့ ပြည့်စုံပြီး တန်ဖိုးအနဂ်ဂ ရှိမှာဘဲ ငါ့သားသူတော်ကောင်းလေး တွတ်ပီ ဘဝဆက်တိုင်း အဖေဆိုး ရီးစားဆိုး

အရှုပ်ထုတ်မ အပေါစားမ ကလေကချေမ ကလိမ်ကကျစ်မ တွေနဲ့ ကင်းဝေးပါစေ ကြိတ်မှိတ်ပြီး အောင့်အည်း စောင့်စည်းခဲ့ရတာ နှစ်လရှိပါပြီ ဒီနေ့တော့ တိုက်ဆိုင်မှုတွေရှိလို့

ထိုက်တန်တဲ့ ပေါက်ကွဲခြင်းများအား ချစ်ခင်ရသော စာနာတရားရှိတဲ့ အပေါင်းအသင်း ပရိတ်သတ်ကြီးများ နားလည်ပေးကြပါကုန်

I will never forgetN Always Love U Tut P ဟု ဆိုပြီး ရေသားဖော်ပြ ခဲ့တာပဲ ဖြစ်ပါတယ်။

Credit