Cele News

ချစ်ခင်ပွန်းရဲ့ ကိုယ်ပွားလေးတွေ လက်ကိုဆွဲပြီး လောကကြီးကို ရဲရဲရင်ဆိုင်သွားပ့မယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်ကို အခုလိုပဲ သူမရဲ့ လူမူ့ကွန်ရက် ဖေ့ဘုတ်စ်အကောင့်မှာ နန်းမြတ်ဖြိုးသင်းက ရေးခဲ့ပါတယ်

ကျမရဲ့ဆုံးရှူံးမှုက လျင်မြန်ကြီးမားလွန်းလို့ ပြောစရာ စကားလုံးရှာမရ အောင်ပါပဲ။

ခုချိန်မှာလည်း ရင်ထဲမှာ ဘယ်လိုခံစားနေရမယ် ဘယ်လောက် လွမ်းနေမယ် ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှ ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူး

လူဆိုတာ မွေးလာရင် သေချာတာက သေဖို့ပါပဲကျန်ခဲ့တဲ့သူကတော့ အကောင်းဆုံး ရှင်သန်ရမှာပါ

သူ့အတွက်ပါ ပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ သူထားခဲ့တဲ့

သူ့ကိုယ်ပွါး​လေးတွေရဲ့လက်ကိုမြဲမြဲတွဲပြီး ကျမ အကောင်းဆုံးရှင်သန်ပါမယ်

ကျမကို အရမ်းချစ်တဲ့သူ မရှိတော့လို့ ကျမ ပိုပင်ပန်းမှာပါ ဒါပေမယ့် ဒါတွေဟာ လောကဓံပါ

သံသရာက မလွတ်မြောက်နိုင် သေးသ၍ လောကဓံက နှိပ်စက်တဲ့ဒဏ်ကို ခံနေကြရမှာပါပဲ

ကျမအတွက် သူထားခဲ့တဲ့ ၄ နှစ်တာ good memoriesတွေက အဖိုးမဖြတ် နိုင်အောင်ပါပဲ

ပြန်စဉ်းစား ကြည့်တော့ ရန်ဖြစ်ရတာလည်း မရှိ စိတ်ဆင်းရဲရတာလည်း မရှိခဲ့တဲ့ ၄ နှစ်တာကာလကို ပိုတန်ဖိုးထားမိပါတယ်။

သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလည်း သားစွဲမယားစွဲ မဖြစ်အောင် သံသရာအတွက်ကောင်းအောင်

ကျမ တည်တည်ငြိမ်ငြိမ်နဲ့ ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။

သူလည်းငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့ အသက်ထွက်သွား နိုင်ခဲ့တယ်။

သူက စိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝ ယုံကြည်တယ်

ရှည်လွန်းလှတဲ့ သံသရာမှာ ဘဝကူးကောင်းဖို့ကလည်း အရေးကြီးပါတယ်

ဘာတွေပဲ တွေ့ကြုံရပါစေ ကျမသူ့အတွက်ပါ ပေါင်းပီး အကောင်းဆုံး ကြိုးစားရှင်သန်ပါမယ်

သတိရတယ် လွမ်းတယ်ဆိုတာထက် ပိုပါတယ်ယောက်ျားရေ ရက်စွဲလေးက လှသလောက်
21 8 21 ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုပေမယ့် တချို့လမ်းခွဲချိန်တွေက

အချိန်မတန်ခင် စောရောက်လာတတ်လို့ ရင်နာကြေကွဲခံစားကြရတာ ရင်နဲ့မမျှပါပဲနော်

နန်းမြတ်ရဲ့ချစ်ခင်ပွန်း ကိုတာတာမျိုးဟာ စိတ်ထားကောင်းသူ ကူညီတတ်သူမို့

ကောင်းရာသုခဘုံမှာ စံစားနိုင်မှာ အသေအချာပါပဲနော်

ကိုတာတာမျိုးအတွက် ဆုမွန်ကောင်းတွေ တောင်းပေးကြပြီး ကလေးတွေ လက်ကိုဆွဲ ရဲရဲ

ရင်ဆိုင်သွားမယ့် နန်းမြတ်ဖြိုးသင်းအတွက်လည်း အားပေးစကားလေးတွေ ပြောကြားပေးခဲ့ကြပါအုံးနော်။

Credit