Local News

ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေးPDF များအား သူ့ကိုမသက်ရန် မေတ္တာရပ်ခံတောင်းပန်

ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေးPDF များအား သူ့ကိုမသက်ရန် မေတ္တာရပ်ခံ တောင်းပန်

ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးမှ မန္တလေးPDFများအား မေတ္တာရပ်ခံတောင်းပန် ကြောင်းထုတ်ပြန်လိုက်ပြီး

မိမိတို့ ပြည်ခိုင်ဖြိုးပါတီ ဝင်များ နစက အစိုးရအတွက် ဒလန် လုပ်မပေးရန် ထိန်းသိမ်း ကိုင်တွယ်ပေးမည် ဖြစ်ကြောင်းနှင့်

မိမိကိုယ်တိုင် သည်လည်း ဒလန်မဟုတ်ကြောင်း သူ၏လူမှုကွန်ယက် စာမျက်နှာတွင်ရေးသားခဲ့သည်။

ထို့အပြင် မိမိသည် မိခင်အမေအိုအပေါ် လုပ်ကိုင် ကျွေးမွေးနေသည့်သူ တစ်ဦးဖြစ်ပြီး

စစ်ကောင်စီ နှင့်ပတ်သတ်၍ အရှုပ်အရှင်းမရှိ သတင်းလည်း မပေးသလို အေးချမ်းစွာနေထိုင်
သော်လည်း

မန္တလေးPDF များက ကျည်ဆံတစ်တောင့်နှင့် မတ်စေ့ တစ်စေ့ ပေးပို့မှု့အပေါ် များစွာ စိတ်မချမ်းမသာ ဖြစ်မိသည်ဟုဆိုသည်။

ကျွန်တော်၏ မိခင်ကြီးသည် ထိုအကြောင်းအရာ များကိုသိရှိပြီးအချိန်ကစ၍ ကျန်းမာရေး အလွန်ဆိုးရွားသွားပြီး

သားစိတ်နှင့် သေခဲ့လျှင် မိဘသတ်သားအဖြစ်သမိုင်း မတွင်လိုသဖြင့် မန္တလေးPDF များအနေဖြင့် ကျွန်တော်အား

အသက်အန္ဒရာယ် မပြုကြပါရန် မေတ္တာရပ်ခံ တောင်းပန်ပါတယ် ဟုဆိုသည်။

Credit