Knowledge

သမီးလေးကို အိမ်ပေါ်မှနှင်ထုတျခဲ့ပမေဲ့ နောကျဆုံးမှာတော့ သမီးလေးရဲ့အိမ်ပြင်မှာ အစာများ တောင်းခံနေခဲ့ရတဲ့ ချမ်းသာခဲ့သောဖခင်တစ်ဦး

သမီးလေးကို အိမ်ပေါ်မှနှင်ထုတျခဲ့ပမေဲ့ နောကျဆုံးမှာတော့ သမီးလေးရဲ့အိမ်ပြင်မှာ အစာများ တောင်းခံနေခဲ့ရတဲ့ ချမ်းသာခဲ့သောဖခင်တစ်ဦး

တစ်ချိန်က Yun Shan ပြည်နယ် Xia Chu an အမည်ရှိရွာတစ်ရွာမှာ Jin Shan အမည်ရှိသူဌေးကြီးတစ်ဦးနေထိုင်ခဲ့ပါတယ်

Jin Shan က သူ့မှာ သားကိုးယောက်နဲ့ သမီးတစ်ဦးတို့နဲ့ ပျော်ရွှင်စွာနေထိုင်ကြပါတယ်

သို့သော်လည်း သူဟာ သူ့ရဲ့ချမ်းသာမှုကြောင့် သူ့ကိုယ်သူအမြဲဂုဏ်ယူဝင့်ကြွားတတ်သူတစ်ဦးပါ

တစ်နေ့မှာ Shan Shan က သူ့သားတွေအားလုံးကို မင်းတို့ကို ဒီဥစ္စာတွေနဲ့ ပြည့်ပြည့်စုံစုံနေနိုင်အောင် ဘယ်သူက ပေးခဲ့လဲ” လို့ မေးခွန်းတစ်ခုမေးခဲ့ပါတယ်

သူ့သားတွေ အားလုံးက မျှော်လင့်ထားတဲ့အတိုင်း သူတို့ဖြတ်သန်းခဲ့သမျှ ချမ်းသာမှုအားလုံးဟာ သူတို့ရဲ့

တစ်ဦးတည်းသောချမ်းသာတဲ့အဖေကလာတာပါလို့ ဖြေခဲ့ပါတယ်

သို့သော် သူ့ရဲ့တစ်ဦးတည်းသော သမီး Xiao Mei က သဘောမတူခဲ့ပါဘူး

သူမကိုယ်တိုင်ကြိုးစားမှုကြောင့် သူမရဲ့ဘဝကို ပြီးပြည့်စုံအောင် သူမစီမံနိုင်ခဲ့တယ်လို့ သူမက ဆိုပါတယ်

သမီးဖြစ်သူရဲ့ ပြောဆိုချက်ကိုကြားရတဲ့အခါ ထိတ်လန့်သွားပြီး Jin Shan က သူ့သမီးကို အိမ်မှ နှင်ထုတ်ခဲ့လိုက်ပါတယ်

မျက်ရည်ကျလာပြီး Xiao Mei ဟာ ဘယ်သွားရမှန်းမသိဘဲ ရွာမှထွက်ခွာသွားခဲ့ပါတယ်

နောက်ဆုံးမှာ သူမသွားရန် ရှင်းလင်းတဲ့ ဦးတည်ချက်မရှိဘဲ သူမရဲ့မြင်းကိုစီးပြီး သွားချင်တဲ့ နေရာကို သွားခဲ့လိုက်ပါတယ်

နောက်ပိုင်းမှာ သူမက အိမ်ငယ်ရဲ့ခြံဝင်းထဲကို ရောက်လာခဲ့ပြီး ထိုအိမ်မှာ မိခင်တစ်ဦးနဲ့ သားတို့က လယ်သမားများအဖြစ် လုပ်ကိုင်ပြီး နေထိုင်ကြတာပါ

သူ မ သွားစရာနေရာ ရှာမတွေ့သေးတာကြောင်း သူမတို့အိမ်မှာ တစ်ညသာနေခွင့်ပြုချက်တောင်းရန် ရဲရင့်စွာတောင်းဆိုခဲ့ပါတယ်

အမေနဲ့သားနှစ်ယောက်လုံးက စိတ်ရှုပ်နေပေမယ့် မကြာခင်မှာ Xiao Mei က သူ

မဖြစ်ပျက်ခဲ့တဲ့အရာတိုင်းကို ပြောပြရင်း သူမမျက်လုံးမှ မျက်ရည်များစီးကျလာထဲ့ပါတယ် ။

အမေနဲ့သားနှစ်ယောက်လုံးက Xiao Mei အပေါ် စာနာစိတ်ခံစားခဲ့ရပြီး သူတို့က Xiao Mei ကို သူတို့

အိမ်မာ သူမနေချင်သရွေ့သူမကို အတူနေဖို့ ဖိတ်ခေါ်ခဲ့ပါတယ်

ရက်တွေ ကုန်လွန်သွားပြီး မကြာခင်မှာ Xiao Mei က ထိုအိမ်ကသား L i Ming နဲ့လက်ထပ်လိုက်ပါတယ်  Xiao Mei နဲ့ L i Ming တို့က သူတို့ဘ ဝအတွက်

အတူတကွကြိုးစားကြပြီး လက်ထပ်ပြီးတစ်နှစ်အကြာမှာ Xiao Mei က ချစ်စဖွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်

ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် Xiao Mei နဲ့ Li Ming တို့ အိမ်မှာမရှိတဲ့အခါ အဘိုးအိုတစ်ဦးက သူတို့ရဲ့ အိမ်ရှေ့မှာ ငွေတောင်းခံလာခဲ့ပါတယ် ။

အိမ်မှာကျန်ရှိနေတဲ့ Xiao Mei ရဲ့ သားက “ သင်ဘာလို့ တောင်းစားနေရတာလဲ

သင့်ကို ဂရုစိုက်မယ့် ကလေးမရှိဘူးလား ” လို့ အဘိုးအိုကို မေးခဲ့ပါတယ်

ငါ့မှာသားကိုးယောက်နဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ ဒါပေမယ့် ငါ့သားရဲ့ ချွေးမတွေအားလုံးဟာ

အလုပ်လုပ်ဖို့ အရမ်းပျင်းကြတော့ သူတို့က ငါ့ပိုက်ဆံတွေ အကုန်လုံးကို ဖြုန်းပစ်ကြတယ် ။

ငါ့မှာ ဘာမှမကျန်တော့တဲ့အခါ သူတို့က ငါ့ကိုတစ်ယောက်တည်း ပစ်ထားတယ်” လို့ အဘိုးအိုက ဆိုပါတယ်

ငါ့မှာသမီးတစ်ယောက်ရှိတယ်၊ ဒါပေမယ့်အဲဒီတုန်းက ငါသူမကို အိမ်ပေါ်ကနေ နှင်ထုတ်ခဲ့လို့အခု

သူဘယ်မှာနေတယ်ဆိုတာလည်း သဲသဲကွဲကွဲမသိခဲ့ဘူး။ ငါလုပ်ခဲ့တာတွေအတွက် နောင်တရမိတယ် လို့ သူတောင်းစားက ပြောခဲ့ပါတယ်

ထိုအချိန်မှာ Xiao Mei နဲ့ သူမရဲ့ခင်ပွန်းတို့က အလုပ်မှ အိမ်ပြန်လာခဲ့ပြီး Xiao Mei က အဘိုးအိုဟာ သူမရဲ့အဖေအရင်းဖြစ်နေတာကို

မကြာမီသိခဲ့ရပြီး သူမမျက်ရည်များကိုမထိန်းနိုင်ဘဲ သူ့အဖေကို ကြည့်ပြီး ငိုနေခဲ့ပါတယ် ။

ထိုအိမ်က အမှန်မှာ သူ့သမီးရဲ့ အိမ်ဖြစ်တာကိုသိသောအခါ Shan က ရှက်သွားပြီး

သူအမြန်ထွက်သွားခဲ့သော်လည်း L i Ming နဲ့ သူ့အမေတို့က ဆွဲခေါ်ထားခဲ့ပါတယ်

နောက်ဆုံးမှာတော့ သူတို့အားလုံး ပြီးပြည့်စုံတဲ့မိသားစုတစ်ခုအဖြစ် အတူတကွပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါတယ်။

သို့သော် Jin Shan က နောက်ပိုင်းမှာ နေမကောင်းဖြစ်ပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ် ။လေးစားလျှက်

credit