Local News

ဂျပန်ပညာရှင် ကျွမ်းကျင်ဝန်ထမ်း ၂၄ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိ

ဂျပန်ပညာရှင် ကျွမ်းကျင်ဝန်ထမ်း ၂၄ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိ


မြန်မာနိုင်ငံသို့ ဂျပန်ပညာရှင် ကျွမ်းကျင်ဝန်ထမ်း ၂၄ ဦးတို့ သြဂုတ်လ ၂၀ ရက်က

၃၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်  Relief Flightဖြင့် ရောက်ရှိကြကြောင်း

ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ထုတ် ပြန်ထားသည်။

အဆိုပါ လေယာဉ်ခရီးစဉ်မှာ တိုကျိုမြို့ တိုကျို နာရီတာ အိုကီနာဝါ နာဟ လေဆိပ်မှတစ်ဆင့်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ် နှင့်အတူ

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး အစီအမံများ ကြောင့်

ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလည်း ပါဝင်ကြကြောင်း သိရသည်။

ပါဝင်ကြသူများမှာ ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ပြီး

မြန်မာနိုင်ငံသို့ အချိန်မီပြန် လည်မထွက်ခွာနိုင်သူများ ပညာတော်သင်များ

အလုပ်အကိုင် အခက်အခဲရှိသူများ ကျန်းမာရေးအရ ပြန်လို သူများ

ဂျပန်ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာ သင်္ဘောသားများ စုစုပေါင်း ၂၂ ဦး ဖြစ်ကြောင်း သိရသည်။

Credit