Knowledge

ငွေအမြောက်အများ ကို ၇ ရက်အတွင်း ရှာဖွေစုဆောင်းနိုင်ခဲ့တဲ့ နည်းလမ်းကို ပြန်လည်ဝေမျှ ပေးခဲ့တဲ့ စွန့်ဦးလုပ်ငန်းရှင် မိန်းကလေး

ငွေအမြောက်အများ ကို ၇ ရက်အတွင်း ရှာဖွေစုဆောင်းနိုင်ခဲ့တဲ့ နည်းလမ်းကို ပြန်လည်ဝေမျှ ပေးခဲ့တဲ့ စွန့်ဦးလုပ်ငန်းရှင် မိန်းကလေး

Rosemarie Peñamora Tan လို့ခေါ်တဲ့ မိန်းကလေးငယ် တစ်ဦးဟာ ၇ရက်အတွင်း

P100 000 နီးပါးကို စု‌ဆောင်းနိုင်ပြီး ၇ ရက်တာငွေကြေးစိန်ခေါ်မှုကြောင့် ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာခဲ့ပါတယ်။

သို့သော်လည်း များစွာသောအင်တာနက်သုံးစွဲသူများက သူမဟာ ရက်အနည်းငယ်အတွင်း ထိုမျှငွေကို ဘယ်လိုစုဆောင်းနိုင်လဲလို့မေးခွန်း ထုတ်ခဲ့ကြပါတယ်။

ပုံမှန် ဝန်ထမ်းများစွာအတွက် ထိုစိန်ခေါ်မှုဟာ ကြောက်စရာ ကောင်းပုံရသော်လည်း

Rosemarie အတွက်တော့ သူမရဲ့ လုပ်ငန်းမျိုးစုံရဲ့ အကူအညီဖြင့် ငွေချွေတာခြင်းကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့ Facebook post တစ်ခုမှတဆင့် Rosemarie ဟာ စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက် အကြံဉာဏ်များကို မျှဝေလာခဲ့ပါတယ်။

Rosemarie ရဲ့အဆိုအရ သူမဟာ သူမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ Madre Cacao စီးပွားရေးကို ၁၉ နှစ်အရွယ်မှာကတည်းက တည်ထောင်ခဲ့တာပါ။

သူမဟာ Far Eastern University မှာ ဆေးဘက်ဆိုင်ရာ နည်းပညာကျောင်းသား အဖြစ် လေ့လာနေတုန်း Rosemarie က အော်ဂဲနစ်ခွေးနဲ့ ကြောင်ခေါင်းလျှော်ရည်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Madre Cacao တီထွင်မှုကိုရောင်းတဲ့ အွန်လိုင်းလုပ်ငန်းတစ်ခုကို ကိုင်တွယ်ခြင်းအပြင် သူမက Saint Bernard ခွေးပေါက်လေးများကို ရောင်းပြီး ၎င်းမှ P300 000 ရရှိခဲ့ပါတယ်။

မကြာခင်မာ သူမဘွဲ့ရခဲ့သော်လည်း Rosemarie က သူမရဲ့ သင်တန်းနဲ့ ဆက်နွယ်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို

ဆက်မလုပ်ဘဲ သူမအသက် ၂၁ နှစ်မှာ မနီလာမြို့ Sammaroc မှာ တည်ရှိတဲ့ Rosmar Pet Salon ကို တည်ထောင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက သူမမှာဝန်ထမ်းတစ်ဦးသာ ငှားရမ်းတဲ့အတွက် Rosemarie ဟာ သူမရဲ့အိမ်မွေးတိရိစ္ဆာန် အရောင်းဆိုင် လုပ်ငန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Rosemarie ဟာ သူမရဲ့အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်နားမှာရှိနေတဲ့ Rosmars Cage Restaurant တတိယမြောက်လုပ်ငန်းကို စလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Rosemarie က ယခုအသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ စားသောက်ဆိုင် လုပ်ငန်းကိုလည်း ထိန်းချုပ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မကြာမီ ကာလအတွင်းမှာ Rosemarie က သူမရဲ့ ကိုယ်ပိုင်တိရစ္ဆာန်ဆေးကုခန်းနဲ့ အနှိပ် spa အလှပြင်ဆိုင်ဖွင့်ရန် ရည်ရွယ်ထားပါသေးတယ်။

Rosemarie က သူမမှာ လုပ်ငန်းတစ်ခုစီမံခန့်ခွဲရန် အရည်အချင်းရှိတယ်လို့ မကြာခဏပြောလေ့ရှိသော်လည်း သူမဆုံးဖြတ်ချက်နဲ့

သူမရဲ့ ဝန်ထမ်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးက သူမရဲ့စီးပွားရေးကို အောင်မြင်ရန် ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

Credit