Knowledge

ဆင်ခြင်စရာနဲ့ တွေးတောစရာများအကြောင်း ရေးသားပြောပြလာတဲ့ မင်းသားကြီးဦးကျော်သူ

ဆင်ခြင်စရာနဲ့ တွေးတောစရာများအကြောင်း ရေးသားပြောပြလာတဲ့ မင်းသားကြီးဦးကျော်သူ

တစ်ခေတ်တစ်ခါက မြန်မာပြည်ရဲ့ ရုပ်ရှင်လောက နေရာတစ်ခုမှာ ထိပ်တန်းကနေ

အောင်မြင်မှု့နေရာကို ရယူနိုင်ခဲ့အထဲမှာမင်းသားကြီး ဦးကျော်သူတစ်ယောက်လည်းအပါအဝင် ဖြစ်ပါတယ်။

မင်းသားကြီး ဦးကျော်သူကတော့ အကယ်ဒမီဆုတွေကိုလည်း ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုပါ ထာ၀ရ သိမ်းပိုက်ထားနိုင်သူပဲဖြစ်ပါတယ်။

မင်းသားကြီး ဦးကျော်သူကတော့ အောင်မြင်နေရင်းမှာဘဲ အနုပညာအလုပ်ကနေ ရပ်နားပြီးနောက် ပရိဟိတအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ပရိသတ်တွေရဲ့ရင်တွေထဲတော့ အမြဲရှိနေတာ ဖြစ်ပါတယ်။

ခုချိန်မှာ‌တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုကြောင့် မတရားမှုကိုတွန်းလှန်ခဲ့တဲ့ ပြည်သူချစ် အနုပညာရှင်

တော်တော်များများလည်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး တစ်ချို့ကတော့ ၀ရမ်းပြေးဘ၀ကို ရောက်ရှိနေရပြီ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မင်းသားကြီး ဦးကျော်သူကသူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ

ကိုရီးယားမှာပေါ့ဗျာ အကယ်ဒမီရုပ်ရှင် သရုပ်ဆောင်ဖြစ်တယ်လို့ ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့။

ရုပ်ရှင်လည်းရိုက်တယ် အသုဘလည်းချတဲ့ ကုသိုလ်ဖြစ် သုဘရာဇာလို့လည်း မိတ်ဆက်ပေးရော ပြုံးပြယုံတင်မကတော့ဘူး အတင်းလက်ကိုဆွဲကိုင်ဖက်ပြီး

ဓါတ်ပုံ ရိုက်ခိုင်းတော့တာဘဲဗျာ တစ်ချို့ဆိုရင်ထမင်းစားပွဲမှာ တကယ့်အဓိကဧည့်သည်တော်တွေ ထိုင်တဲ့ ထိပ်ဆုံးထိုင်ခုံမှာ နေရာချပေး

အရေးကြီးတဲ့ နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်း နေရာပေးလိုက်ကြတာလေ။ဒါကလူကြီးကော လူငယ်ကော မိန်းမကြီးကော မိန်းမငယ်လေးတွေ ကောဗျ။

သူဌေးကော ကမ္ဘာကျော်မင်းသားကော ပြည်သူအရပ်သားကောဗျ အားလုံးကတစ်ပုံစံထဲ ဆက်ဆံမှုတုန့်ပြန်မှုတွေ တစ်ထပ်ထဲဗျာ။

မြန်မာပြည်ဆိုရင်တော့ အရင်ကပေါ့ဗျာမင်းသားပါဆိုတော့ ပြုံးပြီး ဓါတ်ပုံရိုက်ရင်ရိုက် အော်တို ထိုးခိုင်းရင်ခိုင်းပေါ့။

သုဘရာဇာဆိုတာနဲ့ မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ပြီး ဝေးဝေးကိုရှောင် ထွက်သွားလေရဲ့။

ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။သြော် ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့ နိုင်ငံမှာဘာဖြစ်လို့များ ဒီလောက် အယူသည်းကြပါလိမ့်လို့ ဒွိဟဖြစ်မိပါရဲ့ဗျာ။ဆိုပြီး

ရေးသားလာခဲ့ပါတယ် စာဖတ်ပရိသတ်ကြီးရဲ့ထင်မြင် ယူဆချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်။

Credit