Knowledge

မြေးမလေးရဲ့ မင်္ဂလာပွဲကို မဖျက်ဆီးစေလိုတာကြောင့် အိမ်ပြင်ထွက်ကာ တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့တဲ့ အသက် ၉၀ အရွယ်အဖွားအို

မြေးမလေးရဲ့ မဂ်လာပွဲကို မဖျက်ဆီးစေလိုတာ ကြောင့် အိမ်ပြင်ထွက်ကာ

တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့တဲ့ အသက် ၉၀ အရွယ်အဖွားအို

လက်ထပ်ပြီးနောက် မိသားစုရှိလာတော့မဲ့မြေးလေးတွေကို မြင်တွေ့ရခြင်းက အဘိုးအဘွားအများစုအတွက်

ပျော်ရွှင်စရာတစ်ခုဖြစ်ပေမဲ့လည်း ၎င်းက မြေးလေးတွေကို အရင်လို တွေ့ချင်သလိုမတွေ့နိုင်တော့တာ

ကြောင့် အဘိုးအဘွားများရဲ့နှလုံးသားကို ကြေကွဲစေပါတယ်။ခုလည်း အဘွားဖြစ်သူတစ်ဦးက သူမရဲ့မြေးမလေးအိမ်ထောင်ကျသွားတဲ့အခါ

သူမရဲ့မျက်ရည်များကို သုတ်ဖို့ အိမ်အပြင်ဘက်ကို ထွက်လာခဲ့ပုံကို ကင်မရာဖြင့် ရိုက်ကူးမိခဲ့ပြီး

အသက် ၉၀ အရွယ်အဘွားက သူ့မြေးမလေးလက်ထပ်တဲ့နေ့မှာ သူမရဲ့မျက်ရည်တွေကို

အိမ်ကလူတွေမသိအောင် အိမ်ပြင်ဘက်တိတ်ဆိတ်စွာ စီးကျစေခဲ့တယ် ဟုတဲ့ caption ဖြင့် ဓာတ်ပုံဆရာက တင်ထားခဲ့ပါတယ်။

၎င်းမျက်ရည်ဟာ အဘွားအတွက် ဝမ်းသာခြင်းနှင့်ဝမ်းနည်းခြင်းတို့မှကျစီးလာခဲ့တဲ့မျက်ရည်များသာဖြစ်ပါတယ်

အဘွားဟာ မြေးမလေးမင်္ဂဆောင်တဲ့နေ့မှာ သူမငိုနေတာကို မမြင်စေချင်လို့ အိမ်ပြင်သို့တိတ်ဆိတ်စွာ

ထွက်ငိုခဲ့ပေမဲ့ ၎င်းထိမိတဲ့အခိုက်အတန့်ကို ဖမ်းယူနိုင်ခဲ့ပြီး အဘွားဟာ အိမ်တံခါးပေါက်ဘေးမှာ

သူမရဲ့မျက်ရည်တွေကို သုတ်နေရင်းမှာဘဲ မြေးမလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတစ်

ယောက်အဖြစ်နဲ့ သူမရဲ့ဘ၀သစ်ကိုစတင်ရန် အပြင်ကိုထွက်ဖို့ကို အဆင်သင့်ဖြစ်နေပြီ။

၎င်းထိမိတဲ့ဓာတ်ပုံကို ၎င်းမင်္ဂလာပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ See’N Image Studio က ရုတ်တရက်ရိုက်ကူးမိသွားခဲ့ခြင်းဘဲဖြစ်ပါတယ်။

ထို့နောက် သူမရဲ့ခရမ်းရောင်ဝတ်စုံနှင့်အိမ်အပြင်ဘက်တွင် ရပ်နေတဲ့ အသက် ၉၀ အရွယ်အဘွားဟာ

မြေးမလေးရဲ့အထူးနေ့လေးကိုမဖျက်ဆီးလိုတာကြောင့် သူမဟာ မျက်ရည်များကို တိတ်တဆိတ်နဲ့သုတ်လိုက်ပါတယ်။

၎င်းဓာတ်ပုံကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ Facebook ပေါ်တင်လိုက်ပြီးနောက် မြေးမလေးကိုပြ သတဲ့

အဘွားရဲ့ဖြူစင်တဲ့မေတ္တာကြောင့် လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်

အချို့သောသူများက ၎င်းဓာတ်ပုံနှင့်ဆင်တူဇာတ်လမ်းများကိုပင် မျှဝေခဲ့ကြပါတယ်။

ကျွန်မအဖွားက ကျွန်မလက်ထပ်တဲ့နေ့မှာ အခန်းထဲမှာဘဲ ပုန်းနေခဲ့တယ် ဟု အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး

အခြားအသုံးပြုသူတစ်ဦးက ကျွန် မအတွက် အရမ်းကို touch ဖြစ်စေတယ် အဲဒါက

ကွယ်လွန်သွားပြီးဖြစ်တဲ့ကျွန်မရဲ့အဖွားကို သတိရစေတယ် ဟု ရေးသားခဲ့ပါတယ်။

ငယ်စဉ်ကတည်းကနေ ကိုယ့်လက်အောက်မှာပင် ကြီးပြင်းလာခဲ့ပြီး လက်ထပ်တဲ့အထိ တွေးထားပေးတတ်တဲ့အဘွားတစ်ဦးက

သူမရဲ့မြေးမလေးအတွက် ဝမ်းနည်း ဝမ်းသာဖြစ်နေတာကို မြင်ရခြင်းက အလွန်ကို လှပလွန်းလှပါတယ်

အချို့သောမြေးတွေဟာ မိဘများထက်အဘိုးအဘွားများကို ပိုကပ်ကြသလို အဘိုးအဘွားများကလည်း

၎င်းတို့ရဲ့မြေးလေးတွေကို အရမ်းချစ်ကြတာကို အဘိုးအဘွားနဲ့ပိုပြီး အနေနီးတဲ့သူများက ပိုသိပါလိမ့်မယ်။

credit