Local News

၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်နေ့တုန်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က ၄၄ လမ်းထဲက

နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၂ ဦးသေဆုံး

၃ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာထားပါတယ်။

ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေနဲ့ အိမ်ထဲမှာအတူရှိနေခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်

ကိုကောင်းမင်းသန့်ဟာ အဲဒီနေ့ဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့

သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နေအိမ်ခေါင်မိုးထပ်မှာ ပုန်းအောင်းနေခဲ့တာကြောင့်

လွတ်မြောက်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ထုတ် ဖော်ပြောကြားလာပါတယ်။

ကျွန်တော် ခေါင်မိုးထပ်မှာ ပုန်းနေတုန်းမှာပဲ ရဲမင်းဦးက တစ်ယောက်ကျသွားပြီ။

ကျွန်တော် တိုက်ခေါင်မိုးပေါ်ရောက်တော့ နောက်ထပ်လေးယောက်

ပက်လက် အနေထားကျသွားတာကို မြင်လိုက်ရတယ်။

အဲ့ဒီလို ပက်လက်အနေထား ကျတာကို တခုချင်းစီခွဲပြီး ဘယ်လိုများ ရစရာမရှိအောင်

ရုပ်ပျက်ဆင်းပျက် လုပ်လိုက်ကြလည်း မသိဘူး။

ကျွန်တော် သူတို့လာဖမ်းတဲ့ ညနေ ၃နာရီကနေ နောက်နေ့မနက် ၃နာရီခွဲထိနေခဲ့ပြီး

တခြားအိမ် တံစက်မြိတ်ခိုင်တဲ့ခေါင်မိုးပေါ်ကနေ တွယ်ဆင်းပြီး လွတ်ခဲ့တာပါ လို့

အဲဒီနေ့ ကဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ကဝင်ရောက်ဖမ်းဆီးတဲ့ ဖြစ်စဉ်မှာ တိုက်အောက်ကို ပြုတ်ကျလျက်အနေထားရှိနေတဲ့ ဓာတ်ပုံတွေ

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ပြီး အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံဟာလည်း

ခန္ဓာကိုယ် အောက်ပိုင်းကိုမြင်ရတဲ့ အနေထားတွေဖြစ်နေတဲ့ အတွက် မူလပုံစံအနေထား

မဟုတ်ဘူးလို့ ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ကိုကောင်းမင်းသန့်က ပြောပါတယ်။

လက်ရှိမှာတော့ ဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး

ရောက်တဲ့နေရာကနေ စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက် ပါဝင်နေမယ်လို့ပြောပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူနှစ်ဦးထဲက မဝေဝေမြင့် ခေါ် မပန်းသီးကိုတော့ မိသားစုဝင်တွေက

စစ်ကောင်စီရဲ့ အစီစဉ်နဲ့ပြုလုပ်တဲ့ နာရေးကိုလိုက်ပါကြည့်ရှုခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားသူ ၃ ဦးရဲ့အခြေအနေကိုတော့ ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။

Credit