Knowledge

၈၈အရေးအခင်းမှာ စစ်တပ်ကိုအထောက်အပံ့ဖြစ်အောင်လှူခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ အံ့သြဖွယ်ရာအလှူ

၈၈ အရေးအခင်းမှာ စစ်တပ်ကို အထောက်အပံ့ဖြစ်အောင်လှူခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ အံ့သြဖွယ်ရာအလှူ

မို့မို့မြင့်အောင်ဆိုတဲ့ မင်းသမီးကတော့ အနုပညာ လမ်းကြောင်းပေါ်မှာ

နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ၈၈ ကိုမှီခဲ့တဲ့ လူကြီးတွေကတော့ သူမ ကိုအားမပေးကြပါဘူး ဘာကြောင့်လဲဆိုတော့

သူမက ၈၈အရေးအခင်း အဖမ်းခံရသူတွေအတွက် လက်ထိတ်တွေ ခြေချင်းတွေတောင်ဝယ်လှူခဲ့သေးတယ်။

အဲဒီအလှူ လုပ်ပြီးမကြာခင်မှာပဲ သူ့အမျိုးသားလေဖြတ်ခံရတာ ဖြစ်ပါတယ်။

မို့မို့မြင့်အောင် ဆိုတာ ၁၉၈၈တုန်းက စစ်အာဏာရှင်တွေဟာ သူတို့ကို

လက်နက်မဲ့ တော်လှန်ဆန့်ကျင်ကြတဲ့ တနိုင်ငံလုံးက ပြည်သူတွေကို ကမ္ဘာကျော်

သတ်ဖြတ် မှုကြီးကျူးလွန်နေပြီး စစ်ဘိနပ်နဲ့ နင်းအုပ်ချုပ်နေတဲ့ အချိန်

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းပြီး

ပြည်သူတွေဟာ တဘက်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေတဲ့အချိန်

ပြည်သူတွေဟာ စစ်အုပ်စု စစ်တပ်ကို အရမ်းရွံမုန်းဒေါသထွက်နေတဲ့ အချိန်

ဒီလိုအချိန်မှာ ထိုအချိန်က နံမယ်ကျော်ကြားနေတဲ့ မို့မို့မြင့်အောင်ဟာ

ရှေ့တန်းမှာ တော်လှန်ရေးရဲဘော်တွေကိုတိုက်ခိုက်နေတဲ့ စစ်တပ်ကို ထောက်ခံကြောင်း သဝဏ်လွှာ တစောင်ပို့ခဲ့တယ်။

ဒီသဝဏ်လွှာကို စစ်အာဏာရှင်တွေက ကောင်းကောင်းအသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတော့တယ်။

မို့မို့မြင့်အောင်လောက်တောင် တိုင်းပြည်အပေါ်ချစ်မြတ်နိုးမှုမရှိကြောင်း

သူတို့သိမ်းထားတဲ့ သတင်းစာတွေ ကနေ သိက္ခာချေတာ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တခွန်းထည်းပဲပြောတယ် မို့မို့မြင့်အောင်လိုတော့

ရှေ့တန်းမှာတိုက်နေရတဲ့ စစ်သားလေးတွေကိုသဝဏ်လွှာမပို့ဘူး။

သူကိုယ်တိုင် အဲဒီတိုက်ပွဲတွေဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာကို သွားပြီး စစ်သားလေးတွေကို နှစ်သိမ့်မှုပေးမယ်

သူ့ကိုရှေ့တန်းစစ်ဖြစ်တဲ့နေရာကို သွားခွင့်ပေးပါလို့ ပြောလိုက်တယ်။

စစ်အာဏာရှင်တွေလဲ ရူးသလိုပေါသလိုနဲ့ မသိချင်ယောင်ဆောင်နေလိုက်‌ တော့တယ်။

အဲဒီထဲက မို့မို့မြင့်အောင်ကိုပြည်သူတွေက ရွံခဲ့ကြတာ အခုအထိပါပဲ

ဒါသူ့ရဲ့သမိုင်းတခု ၈၈ကို မမီလိုက်တဲ့လူငယ်တွေ သိအောင်ပါ

သမိုင်းကို လေ့လာသင်ကြားကြပါ မသိရင် အ မယ် အ ရင် အလိမ်ခံရမယ်။

Credit