Cele News

ကားတိုက်ခံလိုက်ရတဲ့ ချစ်သူလေးနန်းသူဇာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော်ကျော်ထွဋ်ဆွေ

ကားတိုက်ခံလိုက်ရတဲ့ ချစ်သူလေးနန်းသူဇာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော်ကျော်ထွဋ်ဆွေ

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အဆိုတော် တစ်ယောက်ဖြစ်သလို မော်ဒယ်သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့

နန်းသူဇာကတော့ မိသားဝင်တွေ ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့အတွက် စိုးရိမ်သောကတွေနဲ့ စိတ်ပူပန်နေရပါတယ်။

positive ဖြစ်နေတဲ့ မိခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့်ရှောက်နေရပြီး ထပ်ကူးမှာစိုးလို့ ဖခင်နဲ့မောင်လေးကို ခွဲထားပေမယ့်

မောင်လေးကပါ နေမကောင်းဖြစ်နေတာကြောင့် သွားခေါ်ရင်း လမ်းမှာ ကားဘေးတစ်ခြမ်းလုံး ကြေမွသွားအောင် ကားဖြတ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကားတိုက်မှုကြောင့် ကျော်ထွဋ်ဆွေကတော့ ချက်ချင်း လိုက်သွားခဲ့ပြီး ပူပန်မှုတွေကြောင့် face shield အောက်က မျက်ရည်လေးတွေနဲ့

ဝမ်းနည်းအားငယ်နေတဲ့ ချစ်သူလေးရဲ့အကြည့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ နေပါတယ်။

နန်းသူဇာက ခါးပတ်ပတ်ထားလို့ ကြီးကြီးမားမား မထိခိုက်သွားပေမယ့် ပုခုံးလည်သွားပြီး ယောင်နေတယ် ဆိုပြီးတော့လည်း

ပြောပြထားသလို အိမ်ထဲထိဝင်ပြီး မကူနိုင်ခဲ့တဲ့အတွက်လည်း ကျော်ထွဋ်ဆွေက စိတ်မကောင်းဖြစ်နေတာပါ။

သူ့အမေ positive ဖြစ်လို့ အိမ်ကျဉ်းလေးထဲမှာ ပြုစုဖို့ ခက်မယ်ဆိုပြီးမောင်လေးနဲ့ သူ့အဖေကို တစ်ခြားပို့ထားတာ။

မနေ့က သူ့မောင်လေးပါ ဖျားရော အဲ့တာနဲ့ဒီနေ့ သူကိုယ်တိုင်ပဲ ဝတ်စုံပြည့်နဲ့ သူ့မောင်လေးကို အိမ်ကိုသွားပြန်ခေါ်လာခဲ့တာ

လမ်းမှာ ကားဘေးတစ်ခြမ်းကို ဖြတ်တိုက်ခံရတယ် ကျွန်တော်လည်း ချက်ချင်းလိုက်သွားရတယ်။

ဘယ်လောက်တောင် pressure တွေပိထားလည်းမသိဘူ သူ့ face shield အောက်က

မျက်ရည်လေးတွေ နဲ့ အကြည့်ကို အခုထိ မြင်ယောင်တုန်းပဲ

လူက ခါးပါတ်ပါတ်ထားလို့ ဘာမှ မဖြစ်သွားဘူးဆိုပေမယ့် ပုခုံးတော့နဲနဲ လည်သွားတယ်ထင်တယ်။

ကားကတော့ တစ်ခြမ်းနီးပါးကြေသွားတယ်။ကျွန်တော်လည်း အခု အိမ်မှာ လူကြီးတွေရော ကလေးတွေရော ရှိလို့ isolation လုပ်ရပါပြီ။

သဲလေးရေ အဆိုးတွေ ကြိမ်းကြေသွားတယ်ပဲ မှတ်လိုက်ပါ

you are stronger than me. I hate this July ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

မိသားစု ကျန်းမာရေးအတွက် ပူပန်နေရှာတဲ့ ချစ်သူလေးရဲ့ လတ်တလောအခြေအနေတွေကို ပြောပြထားတာဖြစ်ပြီး

ပရိသတ်တွေကလည်း နန်းသူဇာအတွက် ဆုတောင်း အားပေးထားကြတာ တွေ့ရပါတယ်။

Credit