Health

လိုင်းပေါ်မှာ ကိုဗစ် ပျောက်တယ်ဆိုပီး နာမည် ကြီးနေတဲ့ဆေး ဝယ်သောက်လိုက်မိသောအခါ

လိုင်းပေါ်မှာ ကိုဗစ် ပျောက်တယ်ဆိုပီး နာမည် ကြီးနေတဲ့ဆေး ဝယ်သောက်လိုက်မိသောအခါ

ကိုဗစ် ပျောက်တယ်ဆိုတဲ့ ဆေးသောက်လိုက်တာ အရေပြားမှာ အရည်ကြည်ဖုတွေထပြီး

အနာတွေဖြစ် မျက်လုံးတွေ နှုတ်ခမ်းတွေမှာလည်းအနာတွေ ဖြစ်ကုန်တယ်။

နေမကောင်းချင်သလိုဖြစ်တာနဲ့ Onlineကမှာသောက်တဲ့ ကိုဗစ်ပျောက်ဆေး ဆိုတာသောက်လိုက်တာ အဲ့လိုတွေဖြစ်သွားတယ်။

ဆေးမတည့်တာပါSteven Johnson syndrome လို့ခေါ်ပါတယ် ရှားပါတယ််။

အန္တရာယ်အလွန်ကြီးပါတယ် အရမ်းခံစားရပါတယ် အရမ်းနာပါတယ် သေတောင်သေပါတယ်။

အရည်ကြည်ဖုတွေ ထွက်လာတယ် ပေါက်ကုန်တယ် အရမ်းနာပါတယ် အရေခွံတွေလန်တယ် ရေဓာတ်ဆုံးရှုံးပါတယ်။

မျက်လုံးလည်း ထိသလို အမြင်အာရုံဆုံးရှုံးတက်ပါတယ် အများအားဖြင့် Sulphur ပါတဲ့ဆေးမတည့်သူတွေ

Uric acid ကျတဲ့ဆေး Allopurinolနဲ့မတည့်သူတွေ မှာ ရှားပေမယ့် တွေ့ရတတ်ပါတယ်။

Sulphur ပါတဲ့ ပိုးသတ်ဆေးတို့ Allopurinolတို့ဟာလိုအပ်လို့ ပေးရတာဖြစ်လို့ ဖြစ်နိုင်တယ်လို့

ကြိုမှာပြီး ပေးတာဖြစ်လို့ စဖြစ်တာနဲ့ ဆေးရပ်ပြီး ဆေးရုံအမြန်ပြဖြစ်ပြီး ကုသမှုအမြန် ခံယူရလျှင် သက်သာ ပျောက်ကင်းနိုင်ပါတယ်။

အခုဆေးကတော့ သူတို့ ရိုးရာတိုင်းရင်းဆေး ဖြစ်ပြီးတုပ်ကွေးလိုမျိုး ဖျားနာကိုက်ခဲတဲ့ ရောဂါတွေမှာ သုံးတယ်လို့ သိရပါတယ်။

ပြောရရင် ဒို့တွေဆီက အဖျားကျသွေးဆေး လိုပဲပေါ့ ကိုဗစ်မှာ ဖြစ်တဲ့လူရဲ့ ၈၀ ရာခိုင်နှုန်း က

သူ့အလိုလို ပြန်ကောင်းတယ်လေ အဲ့တော့ လူတိုင်း ဒီဆေးကို သောက်နေကြရင် အလိုလိုပြန်ကောင်းမယ်၈၀ ရာခိုင်နှုန်း က ကိုယ်တွေ့ဆိုပြီး

Share နေကြတော့ ထူးခြားမှုမရှိ အကျိုးမရှိတဲ့ ဆေးကိုသောက်ပြီး အခုလိုကြောက်ဖို့ ကောင်းတဲ့

ဘေးထွက်ဆိုးကျိုး ရလာနိုင်တယ် ဆိုတာ သတိပေးလိုရင်းပါ။

ဆေးသောက်ပြီး ဝေဒနာခံစားခဲ့ရတဲ့ လူနာနှင့် မိသားစုမှ အခြားသူများ ဘေးမဖြစ်စေရန် ဓာတ်ပုံအသုံးပြုခွင့်ပေး၍ ပုံအသုံးပြုပါသည်။

ကျန်းမာရေး ဗဟုသုတတိုးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေDr ဘုန်းစည်သူလွင်

အခုလို ဝင်ရောက်ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီးတိုင်းလည်း

ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများ ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit