Knowledge

ထူးခြားလွန်းတဲ့ လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ ရှဲကြပါထူးခြားပါလိမ့်မယ်

မြောက်ကယ်ရိုလိုင်းနားက ငါးဖမ်းသမားတစ်ယောက်က လူသွားတွေ နဲ့ ပုံစံတော်တော်ကြီးကို တူတဲ့ ငါးတစ်ကောင်ကို ဖမ်းမိလို့ ဓာတ်ပုံရိုက်ပြီး

လိုင်းပေါ်တင်လိုက်တာ အမေရိကားက အွန်လိုင်သုံးသူတွေရဲ့ ကြားမှာ ကူးစက်မြန်သတင်း တစ်ပုဒ်ဖြစ်သွားပါတယ်။

ဂျန်နက်တီ ပိုင်ယာ ဆိုတဲ့ အပျော်တမ်း ငါးဖမ်းသမားတစ်ယောက်က နက်ဟတ်ကမ်းခြေမှာ ပြီးခဲ့တဲ့ အပတ်က ငါးဖမ်းထွက်ခဲ့ပါတယ်။

သူ့ရဲ့ ငါးမျှားတံမှာ ငါးတစ်ကောင်မိလို့ ဆွဲတင်လိုက်တာ အဲ့ဒီငါးက ထူးထူးခြားခြားကိုပဲ သိုးခေါင်းနဲ့ လူသွားတွေပုံစံဖြစ်နေတာကိုတွေ့ လိုက်ရပါတယ်။

အဲ့ဒါနဲ့ ငါးကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင် လိုက်တာပါ။

Big Teeth Big Times ဆိုပြီး ပုံစာနဲ့ တွဲတင်လိုက်တဲ့အဲ့ဒိပုံကို ဆိုယ်ရှယ်မီဒီယာတွေမှာ မျှဝေမှုလုပ်တဲ့ အကြိမ်ရေ သောင်းနဲ့ ချီခဲ့ပါတယ်။

တကယ်ပါ ကျနော်ငါးဖမ်းလာတဲ့သက်တမ်းတစ်လျှောက်မှာ ထူးထူးခြားခြား ငါးတွေ ဖမ်းမိတဲ့အခါတိုင်း ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါလောက်တော့ အုတ်သြသောင်တင်း မဖြစ်ခဲ့ပါဘူး။ လူတွေ က လိုက်ပေးကြတယ်။

ရှယ်ကြတယ်။ ကွန်မန်ကတွေ ပေးကြတယ်။ ကျနော့်အကောင့်မှာ နိုတီတွေ ပလူပျံ သွားတာပဲ လို့ ဂျန်နက်တီက ဆိုပါတယ်။

သိုးခေါင်းပုံစံငါးက လူသွားတဲ့တော်တော်တူတဲ့ သွားတွေ ရှိတတ်ပါတယ်။

အဲ့ဒိငါးက အစုံစား သတ္တဝါဖြစ်ပြီး မြောက်ကယ်ရိုလိုင်းနားက ကမ်းခြေ တစ်လျှောက်မှာ ကျက်စားပါတယ်။

အများစု က လူလိုသွားမျိုးရှိ တတ်တယ် ဆိုပေမဲ့ အခုဖမ်းမိတဲ့ငါးလိုမျိုး တော်တော်ကြီးကို တူတာကတော့ ရှားပါတယ်။

Credit