Articles

တိုက်ဆိုင်မူ့ရှိတဲ့သူတွေအတွက်တော့ ထိရှလွယ်ပြီး မျက်ရည်ပါကျရပါတယ်

ပေးဆပ်ခြင်းသက်သက်နဲ့ ရှင်သန်ရခြင်းတွေက  လိပ်ပြာလုံပါတယ် ဒါပေမယ့်ဒဏ်ရာများတယ်။

ပေးဆပ်ခြင်းသက်သက်

ဒီခေါင်းစဉ်လေးတပ်ဖို့ ကျွန်မအများကြီး တွေးခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မပေးဆပ်တာတွေအတွက် ဘာခေါင်းစဉ်မှ မလိုအပ်ဘူးလို့အရင်က ကျွန်မထင်ခဲ့လို့ပါ။

ဒါပေမယ့် ဘာများလုပ်ပေးရလို့လဲ ဆိုတဲ့မေးခွန်းတွေအတွက် ဒီလောက်လေးနဲ့ဆိုတဲ့ အပြောတွေအတွက် ကိုယ့်ဘက်ကို မြင်တတ်ဖို့ဒီစာကို ရေးဖြစ်ခဲ့တာပါ။

ကိုယ့်ဘက်သူ့ဘက် မကြည့်တတ်တဲ့အရပ်မှာ ရပ်နေတဲ့ ကျွန်မအတွက်တော့ ပေးဆပ်ခြင်းတွေနဲ့ ကျင့်သားလေးရနေပါပြီ။

ဘာတွေ ပေးဆပ်လိုက်ရလဲတဲ့ ကျွန်မရဲ့အိပ်မက်တွေ ပြီးတော့ မျှော်လင့်ချက်တွေ အများကြီးပဲ တစ်ဖက်က မမြင်နိုင်လောက်အောင် ကန်းနေတာကလွဲရင် ကျွန်မ စေတနာတွေမှန်ပါတယ်။

ဒီလောက်လေးနဲ့ စကားထဲ ထည့်ပြောနေတာမျိုးတွေတော့ မပြောပါနဲ့ တစ်ခါတစ်လေ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ အရာတွေက တစ်ဖက်မှာ အများကြီးပေးဆပ်လိုက်ရတာမျိုးလဲ ဖြစ်နိုင်တယ်လေ။

ရှင်းရှင်းပြောရရင် လူတွေက သူတို့ရနေတဲ့အရာတွေကို မမြင်တတ်ဘူး။ သူတို့ပေးလိုက်ရတဲ့အခါမှသာ အဲ့ဒီမျက်လုံးတွေက မြင်တတ်ကြတာလေ။

ဒါကြောင့် ကျွန်မ ဘာတွေပေးခဲ့လဲ မသိတာတော့ မထူးဆန်းပါဘူး။ဘယ်လိုတွေ လုပ်ပေးနေရလို့ပါဆိုတဲ့ ကျေးဇူးတရားတွေ နေရာပေးမှုတွေ လိုချင်ခဲ့တာမဟုတ်ပါဘူး။

တစ်ခုပဲ အသိအမှတ်ပြုပေးတာမျိုးတော့ လိုချင်တယ်။ အများကြီးမဟုတ်တောင် ကျေးဇူးတင်ပါတယ်ဆိုတာမျိုးပေါ့။

ဒါလေးများဆိုတဲ့ စကားမျိုးတွေတော့ မပြောပါနဲ့ ။ တစ်ခါတစ်လေမှာ ကိုယ့်အိပ်မက်တွေကို ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့မေ့ပစ်ပြီး ကိုယ်ဖြည့်ဆည်းပေးခဲ့ဖူးတာတွေရှိတယ်။

ကိုယ့်ဒဏ်ရာကို ဖွက်ထားပြီး ငိုနေတဲ့မျက်ရည်တွေကို သုတ်ပေးဖူးတယ်။ ကိုယ်ဒုက္ခတွေကို သိမ်းထားပြီး သောကတွေကို ဖြေသိမ့်ဖူးတယ်။

ပေးဆပ်ခြင်း သက်သက်ပါ အနောက်မှာ ဘာကိုမှ မမျှော်လင့်ခဲ့ဘူး ဒါပေမယ့် ခုလိုတွေ ပြောခံနေရဖို့လဲ မသင့်ဘူးလေ။

ကျေးဇူးမတင်ချင်နေပါ ဒါလေးများဆိုတဲ့ စကားတွေတော့ မပြောပါနဲ့။ ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့် တစ်ဖက်မှာ အများကြီး ဒုက္ခခံထားရတဲ့အရာတွေ ရှိပါသေးတယ်။

ပေးဆပ်ခြင်းသက်သက်နဲ့ ရှင်သန်ရခြင်းတွေက  လိပ်ပြာလုံပါတယ် ဒါပေမယ့်ဒဏ်ရာများတယ်

Credit