Knowledge

အိမ်ခြေ ၉၀ စာအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့

ဒီနေ့ သြဂုတ်လ ၆ ရက်နေ့မှာလည်းစားသောက်ကုန် လှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ နေ့စဉ်နေ့တိုင်း သူ့ရဲ့အလှူရှင်တွေနဲ့ တစ်နေ့ကို အလှူတစ်ခုတော့အနည်းဆုံးပြုလုပ်နေပြီး

ပြည်သူတွေအတွက် အမြဲတမ်းလိုလို လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်ပါ။

ပြည်သူတွေ အောက်စီဂျင် လိုအပ်နေချိန်မှာလည်း အောက်စီဂျင်အလှူ ရေဘေးဒဏ်ခံရတဲ့ ပြည်သူတွေအတွက်လည်း ရေဘေးကယ်ဆယ်ရေးအတွက်

လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တာတွေကို လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ခိုင်နှင်းဝေက တစ်အိမ်ထောင်ကို ဆန် ၁ ပြည် ကော်ဖီထုပ် ၁ ပါကင် မုန့်များနှင့်

အလှူငွေ ၁၀၀၀၀ ကျပ်နှုန်းနဲ့ အိမ်ခြေ ၉၀ စာအတွက် လှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။

အခုလို ခက်ခဲနေတဲ့ အချိန်မှာ လိုအပ်နေတဲ့ သူတွေကို ကူညီနိုင်ဖို့ သူနဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့

အလှူရှင်တွေနဲ့ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့

အလှူလေးအောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ကြောင်း ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေနဲ့ သူ့ရဲ့အလှူရှင်တွေလှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit