Local News

ပြည်ခိုင်ဖြိုးလာပြီ သီချင်းအားဘောက်ဖြင့်အသံကုန်ဖွင့်သော ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ဝိုင်းရိုက်ခံရ

ပြည်ခိုင်ဖြိုးလာပြီ သီချင်းအားဘောက်ဖြင့်အသံကုန်ဖွင့်သော ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ဝိုင်းရိုက်ခံရ

ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က ကယားပြည်နယ် ဘော်လခဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား ဆောင်းဘောက်ဖြင့်သီချင်းဖွင့်သောကြောင့် ရပ်ကွက်နေပြည်သူများက ဝိုင်းရိုက်ခဲ့ကြသည်။

ဖြစ်စဉ်မှာ မင်းသစ်ဝေဟုခေါ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးမှူးတစ်ဦးက ရာအိမ်မှူး အောင်ဇော်ရှိန်းနှင့်အတူ

မြနန္ဒာလက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မင်းသစ်ဝေမှ အမြင့် ၂၀ လက်မရှိဆောင်းဘောက်ကို ဆိုင်အတွင်းသို့မလာကာ ပြည်ခိုင်ဖြိုး လာပြီ သီချင်းကို နာရီဝက်ခန့် ကျယ်လောင်စွာ ဖွင့်ခဲ့ရာ ဘေးဝိုင်းမှ ချယ်ဆီးဖန်များက ထလာပြီး ဝိုင်းရိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ထဲမှထွက်ပြေးလာပြီးနောက် ၇ လမ်းထိပ်တွင် ဆောင်းဘောက်ဖြင့် ထပ်မံ၍ တပ်မတော်ရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းကို ဖွင့်ခဲ့သဖြင့် မြနန္ဒာလက်ဖက်ရည်ဆိုင်ထဲမှ ချယ်ဆီးဖန် ၂၁ ဦးခန့် ပြေးလိုက်လာပြီး နီးစပ်ရာအုတ်နီခဲများဖြင့် ဝိုင်းဝန်းထုနှက်ခဲ့ကြပြီး ဘော်လခဲမြို့နယ်ရဲစခန်းသို့ အပ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် မင်းသစ်ဝေမှာ ဦးခေါင်းဒဏ်ရာများပြည့်နှက်နေပြီး ခဲဖြင့်ထုသောချယ်ဆီးဖန်များကို စခန်းမှူး ဒုရဲမှူးဦးမေစိုးက နောက်တစ်ကြိမ်မလုပ်ကြရန် တောင်းပန်လျက်ရှိကြောင်း သိရသည်။

၇ လမ်းထိပ်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်၍ ဆန္ဒပြနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများကို ဖြိုခွင်းရန် ရဲတပ်ရင်းများ ခေါ်ယူထားကြောင်း သိရသည်။

Credit