Local News

အဆုံးစီရင်သွားတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ဦးအတွက် ယူကြုံးမရဝမ်းနည်းနေကြတဲ့ အနုပညာရှင်များ

ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ဦးအတွက် ယူကြုံးမရဝမ်းနည်းနေကြတဲ့ အနုပညာရှင်များ

ဒီနေ့မနက်ပိုင်းက မိတ်ကပ်ဖန်တီးရှင်လောကမှာ ဝမ်းနည်းစရာ သတင်းတစ်ခု ကြားသိခဲ့ရပါတယ်။

ဒါကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ makeup artist ခိုင်ခိုင်ရဲ့ သတင်းပဲ ဖြစ်ပါတယ်။

ခိုင်ခိုင်ကိုတော့ အနုပညာရှင်များသာမကဘဲ ပရိသတ်တွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ်။

အဆိုတော် ArTရဲ့live တော်တော်များများမှာလည်း ခိုင်ခိုင်ကို မြင်တွေ့ရတာကြောင့် သူ့ကို ပရိသတ်တွေက ရင်းနှီးနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် သရုပ်ဆောင်တစ်ချို့ကလည်း ဝမ်းနည်းခံစားနေရကြောင်း သူတို့ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားကြတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဆောင်းဝတ်ရည်မေကလည်း ခိုင်ခိုင်ဟာ သူမရဲ့ ပင်တိုင်မိတ်ကပ် ဆရာမတစ်ဦးဖြစ်ပြီး

shooting တိုင်းလိုလို အမြဲလိုက်ပေးခဲ့တဲ့ အမှတ်တရတွေကို ရေးသား ပြောပြထားတာပါ။

ခိုင်ခိုင်ဆုံးသွားတာကို အခုထိမယုံနိုင်သေးဘဲ စနေတယ်လို့သာ ထင်မှတ်မိနေကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။

မချောကို မလျှောဆိုပြီး ခေါ်တတ်တဲ့ အသံလေးလို့ နောက်ထပ်မကြားရတော့မှာ ဖြစ်တဲ့အတွက်

စိတ်မကောင်းဖြစ်နေပြီး အရမ်းကြောက်တတ်တဲ့သူက ဒီလမ်းကို ရွေးချယ်သွားတဲ့အတွက်

ပြောမပြတတ်အောင် ဝမ်းနည်းနေကြောင်း သရုပ်ဆောင် ချောရတနာရဲ့Facebook အကောင့်တွင် ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ပျော်ပျော်နေတတ်တဲ့ ခိုင်ခိုင်တစ်ယောက် အခုလို လုပ်ရက်မျိုးကို ရွေးချယ်သွားတာကို မယုံနိုင်အောင်ကို ဖြစ်နေကြတာပါ။

လူတိုင်းကို အမြဲပျော်ရွှင် ရယ်မောရအောင် ဖန်တီးတတ်တဲ့ ခိုင်ခိုင်တစ်ယောက်

ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit