Health

သစ်ဥသစ်ဖုတွေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြုလုပ်ပြီး ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ယမန်နေ့ ဩဂုတ် ၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ်

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့တိုင်းရင်းဆေးဖက်ဝင် အပင်တွေ

သစ်ဥသစ်ဖုတွေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြုလုပ်

စမ်းသပ်ဆောင်ရွက်ကာ ကိုဗစ်ရောဂါကာကွယ်ဆေး အတွက်ထုတ်ကြဖို့ စစ်အုပ်စုခေါင်းဆောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ရောဂါပိုးမပြန့်ပွားအောင် အချိန်မီ

တားဆီးကာကွယ်ခြင်းများ မလုပ်ဆောင်နိုင်ခြင်း ရောဂါပိုးကူးစက်ခံရသည့်

လူနာများအား ကျန်မာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်းအပြင် လူနာတွေ အရေးတကြီးလိုအပ်နေတဲ့

အောက်ဆီဂျင်တောင် လုံလောင်အောင်ပေးနိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း မရှိသောကြောင့် စစ်တပ်အာဏာသိမ်းပြီး

၆ လအတွင်း ကိုဗစ်နဲ့ သေဆုံးသူ အယောက် ၁၀၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို

တော်တော်လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်လို့ အတိုင်းအတာ

တစ်ခုအထိ ထိန်းထားနိုင်ကြောင်း အောင်မြင်မှုတွေရရှိနေကြောင်း ပြောပါတယ်

မြန်မာနိုင်ငံတဝန်းက သုသာန်တွေမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေရဲ့

ရုပ်အလောင်းတွေ ရာနဲ့ချီပြီး နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရဆဲ ဖြစ်သောကြောင့်

စစ်အုပ်စုက ရန်ကုန်မြို့တွင် မီးသင်္ဂြိုဟ်အသစ်များ ဆောက်လုပ်ပေးခဲ့ပါတယ်။

ယမန်နေ့ ဩဂုတ် ၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ်

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့တိုင်းရင်းဆေးဖက်ဝင် အပင်တွေ

သစ်ဥသစ်ဖုတွေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြုလုပ်

စမ်းသပ်ဆောင်ရွက်ကာ ကိုဗစ်ရောဂါကာကွယ်ဆေး အတွက်ထုတ်ကြဖို့ စစ်အုပ်စုခေါင်းဆောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ရောဂါပိုးမပြန့်ပွားအောင် အချိန်မီ တားဆီးကာကွယ်ခြင်းများ မလုပ်ဆောင်နိုင်ခြင်း ရောဂါပိုးကူးစက်ခံရသည့်

လူနာများအား ကျန်မာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်းအပြင် လူနာတွေ အရေးတကြီးလိုအပ်နေတဲ့

အောက်ဆီဂျင်တောင် လုံလောင်အောင်ပေးနိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း မရှိသောကြောင့် စစ်တပ်အာဏာသိမ်းပြီး

၆ လအတွင်း ကိုဗစ်နဲ့ သေဆုံးသူ အယောက် ၁၀၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို

တော်တော်လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်လို့ အတိုင်းအတာ

တစ်ခုအထိ ထိန်းထားနိုင်ကြောင်း အောင်မြင်မှုတွေရရှိနေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းက သုသာန်တွေမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ရာနဲ့ချီပြီး နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရဆဲ ဖြစ်သောကြောင့်

Credit