Health

Vitamin C ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သင်သိပြီးပြီလား

Vitamin – C က ကိုယ်ခံအားကောင်းစေတယ် ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။

ဒါကြောင့် အခုလို ကိုဗစ် ကာလကြီးမှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် အားလုံးက Vitamin C ကို ပုံမှန် သောက်နေကြပါတယ်။

Vitamin C က ရေမှာ ပျော်၀င်လွယ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ သံဓာတ်ကို စုပ်ယူဖို့အတွက် အားဖြည့်ပေးပါတယ်။

Vitamin C ကို စားသုံးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ တစ်သျှူး တွေဆီကို ရောက်သွားပါတယ်။

တစ်ချို့ ပိုလျှံနေတာတွေကို ဆီးတွေ အဖြစ် စွန့်ထုတ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်က Vitamin C ကို ထုတ်လည်းမထုတ်ပေးနိုင်ပါဘူး။ သိမ်းလည်း မသိမ်းဆည်းပေးနိုင်ပါဘူး။

ဒါကြောင့် Vitamin C ကို ကိုယ်ခံအား အရမ်းကောင်းချင်ဇောနဲ့ အများကြီး သောက်လို့မရပါဘူး။
တန်ဆေး လွန်ဘေး ဆိုတဲ့ စကားလေးအတိုင်းပါပဲ။

အရွယ်ရောက်ပြီး လူတစ်ယောက်ကို Vitamin C တစ်ရက် ၁၀၀၀ မီလီဂရမ် အများဆုံးသာ သောက်သုံးသင့်ပါတယ်။

Vitamin C သောက်သုံးတာ အရမ်းများသွားရင်ဝမ်းပျက်ဝမ်းလျှောခြင်း မအီမသာဖြစ်ခြင်း
အော့အန်ခြင်း ရင်ပူခြင်း ဗိုက်အောင့်ခြင်း

ခေါင်းကိုက်ခြင်း အိပ်မပျော်ခြင်း ကျောက်ကပ်မှာ ကျောက်တည်ခြင်း အစာခြေစနစ် ပြဿနာ
သံဓာတ်လွန်ကဲခြင်းမျိုးတွေ ခံစားရနိုင်ပါတယ်။

Vitamin C ဓာတ်လိုချင်ရင် အကောင်းဆုံးကတော့ Vitamin C ဓာတ်ပါတဲ့ အသီးအနှံတွေကို စားပေးတာ အကောင်းဆုံးပါပဲ။

Vitamin Cကြွယ်၀စွာပါ၀င်တဲ့ အသီးတွေကတော့ငရုတ်ပွ အနီ အစိမ်း စတော်ဘယ်ရီ လိမ္မော် သံပုရာ
ခရမ်းချဉ်သီး ပန်းဂေါ်ဖီစိမ်း ဇီးဖြူသီး

မာလကာသီး ဂရိတ်ဖရုသီး နဲ့ ကိုက်လန် တို့ဖြစ်ပါတယ်။

Vitamin C ဓာတ်ကို ဒီ အသီးအနှံတွေက ယူတာ အကောင်းဆုံး နဲ့ ဘေးအန္တရာယ် အကင်းဆုံးဖြစ်ပါတယ်။

မဖြစ်မနေ ဆေးသောက်ရမယ် ဆိုပါကလည်း အများကြီး မသောက်မိအောင် ဂရုစိုက်ပါ။

Credit