Knowledge

မိဘကိုမကျွေးနိုင်တော့ရင်လည်း ဘိုးဘွားရိပ်သာပို့ကြပါ ခုလိုခေတ်ကာလာကြီးမှာ လုပ်ရက်လိုက်ကြတာ

ဒီပုံထဲက အဘွားကိုသေချာကြည့်ပေးကြပါ နာမည်ဒေါ်ယဥ်လှိုင် အသက်၈၀ သားနာမည် ကိုဝင်းနိုင်
ချွေးမနာမည် မမိုမို

နေရပ်မော်လမြိုင် ကျွန်းတောလမ်း သူ့သားက ကားမောင်းတယ် မြေးလေးတွေလဲရှိတယ်။ ဒါတွေက ဒီအဘွားကို မေးထားခြင်းဖြစ်ပါတယ်။

အသက်လဲကြီး နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီး မေးထားရပါတယ်။

ဒီနေ့ညနေ ၄နာရီ ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာ

အဖြူရောင် ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီး

လာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်။

မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့ အာ့ကိုယုံစားပြီး

အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်။

မေးကြမြန်းကြတော့ အဘွားမှာ မျက်ရည်တွေကျနေတယ် မျက်ဝန်းမှာ အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်။

ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ

မော်လမြိုင် နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာတကယ်သာဆို အခုလိုရောဂါကာလ

စစ်ကာလကြီးမှာ အသက်၈၀ အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ။

အဘွားပုံကို မတင်သင့်မှန်းသိပေမဲ့ တင်လိုက်ရပါတယ်နော် မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ။

ဒီပုံထဲက အဘွားကိုသေချာကြည့်ပေးကြပါ နာမည်ဒေါ်ယဥ်လှိုင် အသက်၈၀ သားနာမည် ကိုဝင်းနိုင်
ချွေးမနာမည် မမိုမို

နေရပ်မော်လမြိုင် ကျွန်းတောလမ်း သူ့သားက ကားမောင်းတယ် မြေးလေးတွေလဲရှိတယ်။ ဒါတွေက ဒီအဘွားကို မေးထားခြင်းဖြစ်ပါတယ်။

အသက်လဲကြီး နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီး မေးထားရပါတယ်။

ဒီနေ့ညနေ ၄နာရီ ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာ

အဖြူရောင် ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီး

လာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်။

မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့ အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်

မေးကြမြန်းကြတော့ အဘွားမှာ မျက်ရည်တွေကျနေတယ် မျက်ဝန်းမှာ အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်။

ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ

မော်လမြိုင် နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာတကယ်သာဆို အခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက်၈၀ အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ။

Credit